အသုံးပြုပြီးသည့် ကော်ဖီမှုန့် များကို စွန့်ပစ်ရမည့်အခြားသော ပစ္စည်းများဖြစ်သည့် စက္ကူအပိုင်း အစများ၊ ထမင်းကိုကျို၍ ရရှိ သည့် ကော်ရည်တို့ဖြင့် ပေါင်းစပ် ကာလောင်စာတောင့်ပြုလုပ်ခြင်း ဖြစ်သည်။ Coffee Brick လောင်စာ တောင့်အသုံးပြုခြင်းဖြင့် မီးသွေး အသုံးပြုမှုကို ဆတူလျှော့ချနိုင် ကြောင်း Veronique Sirault ကဆိုသည်။
ကော်ဖီတောင့်လောင်စာအ သုံးပြုခြင်းသည် အာရှဒေသတွင်း ရှိ Hilton ဟိုတယ်အားလုံးတွင် မန္တလေးမြို့က ပထမဆုံးစတင်ပြု လုပ်ခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။ Hilton ဟိုတယ်အနေဖြင့် အသုံးပြုပြီးသော ဆပ်ပြာများကို ပြန်လည်သန့်စင်၍ ဆပ်ပြာတုံး အသစ်များပြုလုပ်ကာ မိဘမဲ့ ကလေးကျောင်းများသို့ လှူဒါန်း သည့် ပရိုဂရမ်တစ်ခုကိုလည်း မတ်လအတွင်းကစတင်ပြုလုပ် နေသည်။
No comments:
Post a Comment