အဆိုပါ Nissan ယာဉ် ပေါ်တွင် မျိုးသူ (၂၆) နှစ် လိုက်ပါ ကာ ယာဉ်နောက်ခန်းတွင် ပျဉ်း ကတိုးကြမ်းပြား ၅၀၅ ချောင်း (၀ဒသမ၇၁တန်) ခန့်တင် ဆောင်လာကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ထား သည်။
ယာဉ်တိုက်မှုကြောင့် ယာဉ် မောင်းနေမျိုးအောင် (ခ) ချက် ကြီးသည် သွေးထွက်ဒဏ်ရာများ ရရှိ၍ တောင်ငူမြို့ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ကုသစဉ် ဆေးရုံ၌ သေဆုံးပြီး ကျန်အမျိုးသားတစ်ဦးမှာ ထိခိုက်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ ယာဉ်မောင်းနေမျိုးအောင် (ခ) ချက်ကြီးကို တောင်ငူမြို့မရဲစခန်း က မီးရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ ၈၅ ဖြင့်အမှုဖွင့်စစ်ဆေး နေပြီး သိမ်းဆည်းရမိသည့်ပျဉ်းက တိုးကြမ်းပြားများကို သစ်တော ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်မည်ဖြစ် သည်။ ရန်ကုန် - မန္တလေးရထား လမ်းပိုင်းတွင် တရားဝင်လမ်းကူး ၂၈၁ ခုနှင့် တရားမ၀င်လမ်းကူး ၁၈၁ ခုရှိရာ ယင်းလမ်းကူးများ တွင် ၂၀၁၃ မှ ၂၀၁၈ ငါးနှစ်အ တွင်း မတော်တဆမှု ၄၂ ကြိမ် ဖြစ်ပွားပြီး ၁၉ ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။
No comments:
Post a Comment