
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဘီလူးချောင်းထဲမှာ ကျောင်းသားတဦး ရေနစ်ပျောက် ဆုံးနေလို့ ကယ်ဆယ်ရေးအဖွဲ့တွေက အပူတပြင်း လိုက်လံရှာဖွေနေကြပါတယ်။ ဒီနေ့မနက် ၁၁နာရီခွဲလောက်က ရေနစ်ပျောက်ဆုံးခဲ့တာဖြစ်ပြီး အဆိုပါကျောင်းသားဟာ ဘောလခဲမြို့ကနေ လာရောက်တာ ဖြစ်ပြီး ဒီနှစ်မှာ ၁၀တန်းတက်မယ့် ကျောင်းသားဖြစ်တယ်လို့ သိရပါတယ်။ ရေနစ်ပျောက်ဆုံးနေတဲ့ကျောင်းသားကို ဒေသခံနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေ ကယ်ဆယ်နေကြပေမယ့် အခုညနေ ၄ နာရီလောက် အချိန်ထိ ရှာဖွေ မတွေ့ရသေးပါဘူး။
No comments:
Post a Comment