
ဦးသိန်းလွင်က ""ဒီနှစ်ကတော့ အကုန်ခန်းသွားတယ်။ ဒီနှစ်က အခါတိုင်းနှစ်ထက် ရာသီဥတုက ပိုပြီးတော့ပူပြင်းတယ်။ မိုးကလည်း ပိုခေါင်တယ်လေ။ ဒါကြောင့် အကုန် လုံးခြောက်သွားတာပေါ့။ အခုတော့ ရေသယ်ကားတွေနဲ့ ဝယ်ပြီးရေဖြည့် နေရတယ်""ဟု ဒီမိုကရေစီတူဒေး သို့ မတ် ၄ ရက်က ပြောသည်။
အဆိုပါဖြစ်စဉ်များကြောင့် ရွှေသမင်များသောက်သုံးနိုင်ရန် ရေ ဂါလန် ၁၄၀ဝ ဆံ့ ရေသယ်ကားများ ဖြင့်ရေကန်များသို့ ရေဖြည့်ပေးလျက် ရှိပြီး ရေသယ်ကားတစ်စီးလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် ဝယ်ယူဖြည့် တင်းနေရကြောင်း သိရသည်။
ရွှေသမင်သည် ကမ္ဘာပေါ် တွင် မြန်မာနိုင်ငံ တစ်နိုင်ငံတည်း တွင်သာရှိသော မျိုးစိတ်ဖြစ်ပြီး လုံးဝကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်များစာရင်းတွင် ပါဝင် ကာ ရွှေစက်တော်ဘေးမဲ့တောအ တွင်း အကောင်ရေတစ်ထောင် ခန့်ရှိကြောင်းသိရသည်။ရွှေစက်တော် ဘေးမဲ့တော အတွင်း ယခင်မှတ်တမ်းများအရရွှေသမင်များအပြင် အခြားငှက်မျိုး စိတ်ပေါင်း ၁၁၄ မျိုး၊ နို့တိုက်သတ္တ ဝါ ၁၇ မျိုး၊ တွားသွားသတ္တဝါ ၄၃ မျိုးကျော်ရှိကြောင်း သိရသည်။
ရွှေသမင်များသည် မြန်မာနိုင် ငံအလယ်ပိုင်း သီးသန့်ရွက်ပြတ် တောများတွင်သာ ကျက်စားသည့် မျိုးစိတ်များဖြစ်ပြီး မြန်မာနိုင်ငံ တွင် ရွှေသမင်များကျန်ရှိသည့် နေရာမှာရွှေစက်တော် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောနှင့် ချပ်သင်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောများ သည် အများဆုံးကျန်ရှိရာနေရာများ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment