
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် MDY GG/---- NISSAN AD VAN အဖြူရောင်(ငှား)ယာဉ်ပေါ်ပါ ဒေါ်ခင်လှ(၆၅)နှစ်တွင် နဖူးဝဲဘက်စုတ်ပြဲ၊ မေးစေ့စုတ်ပြဲ၊ ရင်ဘက်ညိုမဲ၊ ဝဲလက်မောင်းဖူးရောင် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီး MDY GG/---- NISSAN AD VAN အဖြူရောင် (ငှား) ယာဉ်မောင်းထွန်းညို နှင့်ယာဉ်ပေါ်ပါ လူလေးဦး၊ YGN 6I/---- HIGER MINIBUS ယာဉ်ပေါ်ပါလူတစ်ဦး စုစုပေါင်း လူ(၆)ဦးတို့တွင်ဒဏ်ရာများရရှိခဲ့ကြကာ လှိုင်သာယာဆေးရုံကြီးသို့ အတွင်းလူနာများအဖြစ်တင်ပို့ ကုသနေရကြောင်းသိရသည်။
အဆိုပါ အခင်းဖြစ်စဉ်နေရာသို့ ထန်းတပင်မြို့နယ် မီးသတ်စခန်းမှ စခန်းတာဝန်ခံ ဒုတိယ မီးသတ် ဦးစီးမှူး ဦးမိုးမင်းအောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၇)ဦးနှင့် လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်(၇)ဦးတို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ အမှတ်(၃၉၀)၊ မြို့ပတ်လမ်း၊ (၃)ရပ်ကွက်၊ ပြင်ဦးလွင် မြို့နယ်နေသူ ယာဉ်မောင်း ထွန်းညို (၄၉)နှစ်အား တက်သစ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိ ကြောင်းသိရသည်။
No comments:
Post a Comment