ATR လေယာဉ်ထုတ်လုပ် ရေးကုမ္ပဏီနှင့် အဲကမ္ဘောဇလေ ကြောင်းလိုင်းအကြား လေယာဉ် ငှားရမ်းရာတွင် နှစ်အကန့်အ သတ်မထားရှိဘဲ ပြန်လည်အပ်နှံ လိုချိန်၌ အပ်နှံနိုင်သည်။ ‘‘ပြန်မအပ်မချင်း ငှားရမ်းတဲ့ စနစ်ပါ’’ ဟု ဦးတင်မောင်သန်းက ပြောသည်။
အဲကမ္ဘောဇလေကြောင်း လိုင်းတွင် ယခင်က ATR လေ ယာဉ်ခြောက်စီးရှိပြီး လေယာဉ် အသစ်လေးစီးထပ်မံငှားရမ်းခဲ့ ခြင်းကြောင့် ပြည်တွင်းလေ ကြောင်းလိုင်းဈေးကွက်တွင် ATR လေယာဉ်အစီးရေအများဆုံးပိုင် ဆိုင်သည့်လေကြောင်းလိုင်းဖြစ် လာသည်။
အဆိုပါလေကြောင်းလိုင်း သည် ရန်ကုန်နှင့် မန္တလေးကို အ ခြေပြု၍ နေပြည်တော်၊ ညောင် ဦး၊ ဟဲဟိုး၊ မြစ်ကြီးနား၊ တာချီ လိတ်၊ လားရှိုး၊ လွိုင်ကော်၊ ကလေး၊ သံတွဲ၊ စစ်တွေ၊ ထား ၀ယ်၊ မြိတ်၊ ကော့သောင်းအစရှိ သည့်မြို့များသို့ ပျံသန်းပြေးဆွဲ သည်။ ‘‘မကြာခင်မှာ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံက အင်ဖာမြို့၊ ထိုင်းနိုင်ငံက ချင်း မိုင်၊ ဆူရတ်သန်နီမြို့တွေကို တိုး ချဲ့ပျံသန်းဖို့ရှိနေပါတယ်’’ ဟု ဦး တင်မောင်သန်းက ပြောသည်။
၂၀၁၈ အတွင်း လေ ကြောင်းလိုင်းစီးပွားရေးကျဆင်း နေသည်ဆိုကာ လေကြောင်း လိုင်းအချို့ ပျံသန်းမှုရပ်နားခဲ့ သော်လည်း အဲကမ္ဘောဇလေ ကြောင်းလိုင်းသည် လေယာဉ်အ စီးရေကို တိုးချဲ့ငှားရမ်း၍ ခရီးစဉ် အသစ်များ တိုးချဲ့ခဲ့သည်။ အဲကမ္ဘောဇလေကြောင်း လိုင်းသည် ၂၀၁၁ ဧပြီ၌ စတင် ပျံသန်းပြီး ၂၀၁၅ တွင် Myanmar Airways International လေကြောင်းလိုင်းနှင့် အကျိုးတူ ပူးပေါင်းပျံသန်းခဲ့သည်။
No comments:
Post a Comment