
အဆိုပါ လှုပ်ရှားစစ်ဆေးရေးအဖွဲပသည် မူဆယ် - လားရှိုး - မန္တလေးပြည်ထောင်စုလမ်းမကြီး၊ မြ၀တီ - ဘားအံ - ရန်ကုန် ကုန်သွယ်မှုလမ်းမကြီးများနှင့် ရန်ကုန်ဘူတာကြီးနင့် လမ်းဘူတာများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ စစ်ဆေးခဲ့ရာမှ ဖမ်းဆီးခဲ့သည့် အမှုများနှင့် ခန့်မှန်းတန်ဖိုးဖြစ်သည်။
“တရားမ၀င်ကုန်သွယ်မှုကနေ တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရောက်ရှိဖို့လိုပါတယ်။ နိုင်ငံရဲ့ သယံဇာတပစ္စည်းများ၊ သစ်နဲ့သစ်တောထွက်ပစ္စည်းများ၊ ကန်သတ်ကုန်စည်များကို တင်ပို့တာတွေမရှိဖို၊ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းစတာတွေ နိုင်ငံတွင်းဝင်မလာအောင် တားဆီးတာ ဖမ်းဆီးတာပါ။ တားဆီး စစ်ဆေးဖမ်းဆီးတဲ့အခါ ပစ္စည်းပိုင်ရှင် ဒါမှမဟုတ် ယာဉ်ပိုင်ရှင်ရှေ့မှာ အဖွဲ့စုံက တန်ဖိုးဖြတ်ပါတယ်” အကောက်ခွန်ဦးစီးဌာန လှုပ်ရှားစစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ဆေးရာ၌ ဘေထုတ်များ၊ အခွန်ပေးဆောင်ထားခြင်းမရှိသော သကြားများ၊ အမိုနီယမ်နိုက်ထရိတ်များ၊ ဆိုဒီယံဆိုင်ရာနိုက်များ၊ FDA ရရှိထားခြင်းမရှိသော စားသောက်ကုန်များ၊ ဆိုင်ကယ်အပိုပစ္စည်း၊ ကားတာယာနှင့် အပိုပစ္စည်း၊ ဓါတ်မြေသြဇာများ၊ ကျောက်စိမ်းများ၊ လက်ကိုင်ဖုန်းများနင့် အ၀တ်အထည်များစသည့် အမျိုးပေါင်း၁၃ မျိုးကျော်ဖြစ်ပြီး အကောက်ခွန်ဦးစီးဌာနက ချမှတ်သည့် အမိန့်/ဆုံးဖြတ်ချက်တစ်စုံတရာအပေါ်တွင် နစ်နာသည်ဟု ယူဆပါက အခွန် အယူခံရုံးကို တင်ပြပြီး အယူခံဝင်နိုင်သည်ဟု သိရသည်။
မန္တလေး - မူဆယ်လမ်းပိုင်း ၂၂ ဘီးယာဉ်မောင်းတစ်ဦးက ပြောကြားရာတွင်” လမ်းမှာ စစ်ဆေးရေးဂိတ် ၄ ဂိတ်ရှိတယ်။ ကုန်တင်ယာဉ်တွေကတော့ ဒီလမ်းမကြိးအတိုင်းသွားတယ်။ မှောင်ခိုတွေကတော့ စစ်ဆေးရေး ဂိတ်တွေကို ရှောင်တဲ့တောလမ်းက ပတ်သွားကြတယ်။ ဖမ်းမိတာရှိသလို မမိတာလည်း ရှိတာပေါ့။ စစ်ဆေးမှုတွေက အရင်ထက် ပိုလာတယ်”ဟု ဆိုသည်။
No comments:
Post a Comment