‘‘တရုတ်နိုင်ငံခြားရေးရုံးက လွှတ်တဲ့ သံတမန်တွေရဲ့ထုံးစံပါပဲ။ အကုန်လုံးက Career Diplomat တွေပါပဲ။ အရင်ရုံးတွေမှာ တာဝန်ထမ်းဆောင်ဖူးတယ်။ မစ္စတာဟုန်လျန်တို့အတိုင်းပါပဲ’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မစ္စတာ ဟုန်လျန်သည် ယမန်နေ့တွင် လျှပ်စစ်နှင့် စွမ်း အင် ဝန်ကြီးဦးဝင်းခိုင်ကို သွား ရောက်တွေ့ဆုံခဲ့ပြီး တရုတ်-မြန် မာစီးပွားရေးစင်္ကြံနှင့် လျှပ်စစ် စွမ်းအင်ကိစ္စရပ်များ ဆွေးနွေးခဲ့ ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
တရုတ် - မြန်မာစီးပွားရေး စင်္ကြံအကောင်အထည်ဖော်ရာ တွင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍသည် အရေးကြီး ကြောင်းနှင့် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ရန်ရှိသည့် လျှပ်စစ်နှင့် စွမ်းအင်စီမံကိန်းများ ကို အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရန် မျှော်လင့်ကြောင်း မစ္စ တာဟုန်လျန်က ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်နှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။ ဆက်လက်၍ မစ္စတာဟုန် လျန်က လျှပ်စစ်ဓာတ်အားထုတ် လုပ်ဖြန့်ဖြူးရေးကဏ္ဍများ၊ ရေ အားလျှပ်စစ်၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍများတွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက် နိုင်ရေး တတ်အားသရွေ့ အားပေး ကူညီမည်ဟု သတင်းစကားပါး ခဲ့သည်။
မစ္စတာ ဟုန်လျန်သည် ယမန်နေ့တွင် ပြည်သူ့လွှတ်တာ် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ကိုလည်း သွားရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူး ပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ လွှတ်တော်ချင်း ပိုမိုခိုင်မာစွာ ဆက်သွယ် ဆောင်ရွက်ရေး၊ မြန်မာ - တရုတ်စီးပွားရေးစင်္ကြံ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်ဟု သက်ဆိုင်ရာလွှတ်တော်များက သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး အပြောင်းအလဲပြု လုပ်ခြင်းသည် သက်ဆိုင်ရာ နိုင်ငံ၏ ပုံမှန်ဆောင်ရွက်ချက်ဖြစ်ပြီး သံအမတ်ကြီးအသစ်နှင့် ပတ် သက်သည့် အချက်အလက်များ ကို ယခုလလယ်ပိုင်းတွင် ထုတ် ပြန်ကြေညာဖွယ်ရှိကြောင်း ဦးစိုး ဟန်က ဆိုသည်။
No comments:
Post a Comment