
တရားဝင်လုပ်ထုံးလုပ်နည်းများကို လိုက်နာမှုမရှိဘဲ ‘အပြစ်ရှိကြောင်း သက်သေမပြနိုင်ခင်အထိ အပြစ်မဲ့’ သည်ဟူသည့် သဘောတရားကို လျစ်လျူရှုကာ အဆိုပါသတင်းထောက်များကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခုပြန်လွှတ်ပေးမှုသည် အစိုးရအနေနှင့် တရားဥပဒေစိုးမိုးရေးကို အားပေးလုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဗြိတိန်သံအမတ်ကြီး ဒန်ချက်က ပြောဆိုသည်။
“၄င်းတို့နှစ်ဦးအားလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းသည် အစောပိုင်းတရားစီရင်ရေးတွင် လိုအပ်ချက် ရှိနေသည်ကို မြန်မာအစိုးရက နားလည်သဘောပေါက်ပြီး တရားဥပဒေစိုးမိုးရေးကို အားပေးသည့် အစိုးရ၏ ကတိက၀တ်နှင့် အညီ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်” ဟု ၎င်းက ဆိုသည်။
ယခု ပြန်လည်လွှတ်ပေးလိုက်ခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် သတင်းကောင်းတစ်ရပ်ဖြစ်သလို လွတ်လပ်ပြီး ခိုင်မာသော မီဒီယာသည် မည်သည့် ဒီမိုကရေစီအတွက်မဆို လိုအပ်သော အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ ဗြိတိန်အနေနှင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထောက်ပံ့ကူညီပေးသွားရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
No comments:
Post a Comment