ဒေါ်စိမ်းစိမ်းသည် အနုပညာ ဆည်းဆာရိပ်သို့ ၂၀၁၇ တွင် စတင်ရောက်ရှိပြီး ၎င်းကိုအနီး ကပ်စောင့်ရှောက်နိုင်မည့်သူမရှိ သောကြောင့် သွားရောက်ခေါ် ဆောင်ခဲ့ကြောင်း အရိုးက ပြော သည်။
‘‘၂၀၁၇ ကတည်းက သွား ခေါ်လာတာဆိုတော့ ကိုယ်တို့၊ မချစ်ချစ်ဇော်တို့ အနုပညာဆည်း ဆာရိပ်သာက အမှုဆောင်ညီအစ် ကိုမောင်နှမတွေနဲ့က အဘွားအ ရင်းလိုဖြစ်နေတာ။ အဘွားက အင်မတန် အနေအေးတယ်။ ကိုယ့်တစ်ယောက်တည်းအမြင်နဲ့ ပြောရရင် အဘွားက မှတ်ဉာဏ် သိပ်ကောင်းတယ်’’ ဟု အရိုးက ပြောသည်။ အဆိုတော်ဒေါ်စိမ်း စိမ်းသည် ရွှေမန်းဆီသို့ သီချင်းအပါအ၀င်နာမည်ကျော်မဟာဂီတ သီချင်းကြီးများ သီဆိုခဲ့ပြီး မန္တလေးမြို့ရှိ နာမည်ကျော် မြို့မတီး ၀ိုင်း၏ တေးသံရှင်တစ်ဦးဖြစ် ကြောင်း အဆိုတော်ဒေါ်ရီရီသန့် က ပြောသည်။ ‘‘မဟာဂီတတွေနဲ့ ကျော် ကြားခဲ့တဲ့တေးသံရှင်ပါ။ သူ့ရဲ့ အ ဘိုးဆရာက မဟာဂီတအဆိုပညာ ရှင် ဦးထွန်းအိုင်ဖြစ်ပါတယ်။ ကျော်ကြားတဲ့ သီချင်းတွေက တော့ တော်တော်များပါတယ်’’ ဟု ဒေါ်စိမ်းစိမ်း၏အကြောင်းကို ဒေါ်ရီရီသန့်က ပြောသည်။
No comments:
Post a Comment