
“တရားခံတွေ အကုန်နီးပါး မိပြီ။ တစ်ခုတော့ စုံစမ်းဆဲ။ လက်ရှိကတော့ မြို့ပေါ်မှာ အဖွဲ့တွေ ခွဲပြီး ဆောင်ရွက်နေတာ ရှိတယ်”ဟု ဓားခုတ် သောင်းကျန်းသူတွေကို ဖမ်းဆီးနိုင်ဖို့ ညပိုင်းကို အသွင်အမျိုးမျိုးနဲ့ လုပ်နေတယ်။ ကားနဲ့ လိုက်ပြီး ခုတ်တဲ့ဖြစ်စဉ်မှာ ကျူးလွန်သူ လေးဦးထဲက သုံးဦးကို မိပြီ။ ကျုံးဘေးမှာ ဝင်ခုတ်သွားတဲ့ ဖြစ်စဉ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ မနေ့ည (မေ ၅ ရက်) တစ်ညတည်းတင် အခြား ဓားကိုင်ဆောင် ရမ်းကားမှု သုံးမှုလည်း မိထားတယ်။ အခု ကျူးလွန်သူတွေက အဓိက ကတော့ ရမ်းကားတာပေါ့နော်။ ဒါပေမဲ့ မူးယစ်ဆေးဝါး သုံးစွဲပြီး ဆေးကြောင်တာလား ဆိုတာတော့ စစ်ဆေးနေပါတယ်” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ (ပထမတန်း) ဒုရဲမှူးကြီး မျိုးအောင်က ဆိုသည်။
ဧပြီ ၂၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော ဆိုင်ကယ် မောင်းနှင်လာသူများကို ကားတစ်စီးပေါ်မှသူများက ဓားဖြင့် လိုက်လံ ခုတ်ခဲ့သောကြောင့် နှစ်ဦး ဒဏ်ရာရရှိခဲ့ရာ အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူ လေးဦးအနက် သုံးဦးကို ဖမ်းဆီး ရမိထားကြောင်း သိရသည်။
ထိုကဲ့သို့ ဓားခုတ်မှုဖြစ်စဉ်များကို ဖမ်းဆီး အရေးယူနိုင်ရန်အတွက် မေ ၅ ရက်မှစတင်ပြီး စီမံချက်ဖြင့် ရဲတပ်ဖွဲ့မှ အသွင်ယူ ဆောင်ရွက်ခဲ့ရာ ယင်းနေ့ ညပိုင်းမှာပင် ချမ်းအေးသာစံမြို့နယ်၌ မှောင်ရိပ်တွင် ဓားကိုင်ဆောင်ထားသူ သုံးဦး၊ ချမ်းအေးသာစံ မြို့နယ်ရှိ ဂျေဂျေ စားသောက်ဆိုင်တွင် ဓားကိုင် သောင်းကျန်းသူ ငါးဦး၊ မဟာအောင်မြေ မြို့နယ်တွင် လက်နက် ကိရိယာများဖြင့် ဆိုင်ကယ် ခိုးယူလာသူ သုံးဦး၊ မသင်္ကာ စစ်ဆေးရာတွင် ရပ်တန့်ခြင်း မရှိဘဲ ထွက်ပြေးသည့် ဆိုင်ကယ်အား စစ်ဆေးခဲ့ရာ ဓားနှင့် သံတုတ်များ ဖမ်းဆီးရမိခြင်း စသည်တို့အပြင် ချမ်းမြသာစည်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များ အသွင်ယူ ဆောင်ရွက်နေသည့်ကားကို တုတ်၊ ဓား၊ ခဲများဖြင့် ပစ်ပေါက်ပြီး ထွက်ပြေးခဲ့သူ ငါးဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ထို့ကြောင့် မေ ၅ ရက်ည တစ်ညတည်းမှာပင် ဓားကိုင်ရမ်းကားမှု အပါအဝင် ခုနစ်မှု ဖမ်းဆီးရမိခဲ့ရာ ゞင်းတို့ကို လက်နက်ပုဒ်မ ၁၉ (င)၊ ရဲအက်ပုဒ်မ ၃၅ (ခ)၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉/၅၄၊ ရာဇသတ်ကြီးပုဒ်မ ၄၄၀/ ၃၅၃/၄၂၇/၁၁၄ စသည်တို့ဖြင့် သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့် အရေးယူထားကြောင်း တိုင်းရဲတပ်ဖွဲ့မှ သိရသည်။
No comments:
Post a Comment