‘‘ဖြစ်တဲ့သူတွေက ဘီယာ သောက်ထားကြတယ်။ မူးနေ ကြတာပေါ့။ သူတို့က ဦးဝီရသူ ဟောပြောတဲ့စင်ရှေ့သွားပြီး မူး မူးနဲ့ ကန့်ကွက်ပြောကြတာပါ။ ကျွန်တော်တို့က တရားဝင်စာတင် ပြီးလုပ်တဲ့ပွဲမှာ ဒီလိုဝင်နှောင့် ယှက်တဲ့အတွက်အမှုဖွင့်ရခြင်း ဖြစ်ပါတယ်။ နှစ်ယောက်ကိုအမှု ဖွင့်ထားတယ်။ တစ်ယောက်က တော့ကားဂိတ်မှာစောင့်နေရင်း နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တော့မလုပ် ပါနဲ့လို့ဝင်တားတယ်။ ဟိုကတစ် ဖွဲ့တည်းဆိုပြီးထိုးကြိတ်ကုန်ကြ တာပါ’’ ဟု ၎င်းကပြောသည်။
ဦးဝီရသူက တပ်မတော်အ စိုးရလက်ထက်တွင် ရေးဆွဲခဲ့ သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန်အာဏာရအ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကလွှတ်တော်တွင်း ဦးဆောင် ကြိုးပမ်းနေမှုများ၊ ထိုကြိုးပမ်းမှု များကို ထောက်ခံနေသူများအား မေလ ၅ ရက်ကပြုလုပ်သည့် ဆန္ဒပြမှုအတွင်း ဟောပြောရာ၌ ဦးဝီရသူက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဟောပြောစဉ် ကန့် ကွက်သူနှစ်ဦးက ဟောပြောသည့် စင်ရှေ့သို့လာရောက်၍ ဦးဝီရသူ ဟောပြောသည့် အကြောင်းအ ရာများ မှန်ကန်ခြင်းမရှိကြောင်း တန်ပြန် အော်ဟစ်ခြင်းဖြစ်ပြီး ဆန္ဒပြပွဲတွင် ပါဝင်သောအမျိုး သားရေးလှုပ်ရှားသူ ဆိုသူများက ၎င်းတို့ကို ၀ိုင်းဝန်းထိုးကြိတ်ခဲ့ သည်။
ရဲတပ်ဖွဲ့က ကန့်ကွက်သူ တို့ကို ရဲစခန်းသို့ဖမ်းဆီးခေါ် ဆောင်စဉ်လမ်းတစ်လျှောက်တွင် လည်း ဆန္ဒပြရာ၌ ပါဝင်သူများ က လိုက်လံထိုးကြိတ်ခဲ့သည်ကို မျက်မြင်တွေ့ရသည်။
ရုန်းရင်းဆန်ခတ်ဖြစ်သည် ကို ဖျန်ဖြေရန် ကြိုးပမ်းစဉ်ဝိုင်း ၀န်းထိုးကြိတ်ခံရသည့် ကိုအောင် မြင့်သည်ကျောက်တံတားမြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ‘‘ကျွန် တော့်ကိုရဲက လက်ထိတ်နဲ့ဖမ်း သွားလို့ လိုက်သွားတဲ့အချိန်မှာ နောက်ကနေ၀င်အကန်ခံရသေး တယ်။ သူတို့က ဖိဖိစီးစီးနဲ့လုပ် မယ်ဆို အနားတောင်ဘယ်ကပ် ရဲမလဲ’’ ဟု ၎င်းကပြောသည်။
ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ် သည့် နေရာတွင် လူအများအ ပြားရှိနေ၍ ၀င်ရောက်ထိုးနှက် သူများမည်သူမည်ဝါဆိုသည်ကို မသိရသေးကြောင်း ကျောက် တံတားမြို့နယ် ရဲမှူးက ပြော သည်။ ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ ဖောက်ဖျက်သူကို သုံးနှစ်ထက် မပိုသောထောင်ဒဏ်၊ ငွေဒဏ်တို့ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထား သည်။ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ ကိုပြည့်ဖြိုးထွန်းနှင့် ကိုအောင် ကိုသက်တို့ကို ငြိမ်းချမ်းစွာစုဝေး ခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေ ပုဒ်မ ၁၈ ဖြင့် ကျောက်တံတားမြို့နယ် တရား ရုံးတွင် ရုံးတင်စစ်ဆေးမည်ဖြစ် သည်။
No comments:
Post a Comment