မတ်လကတည်းက တန်း ဆင်းခဲ့ရသော ဟက်ဒါဖီးလ်နှင့် တစ်ဂိုးစီသရေကျပြီးနောက် နည်း ပြဆိုးလ်ရှား၏ မန်ယူသည် လာ မည့်နှစ်တွင် ယူရိုပါလိဂ်၌ ကစား ရမည်ဖြစ်သည်။ ၂၀၁၅ နိုဝင်ဘာနှင့် ဒီဇင် ဘာကြား နည်းပြဟောင်းဗန် ဟားလ်လက်ထက်က လိဂ်ရှစ်ပွဲ ဆက် နိုင်ပွဲပျောက်ဆုံးပြီးနောက် အဆိုးရွားဆုံးမှတ်တမ်းအဖြစ် လိဂ်ငါးပွဲဆက် နိုင်ပွဲရှာမတွေ့ သည့် မန်ယူသည် ယင်းရလဒ် ကြောင့် စပါး (သို့မဟုတ်)ချယ်လ် ဆီးကို လိုက်မီရန် မဖြစ်နိုင်တော့ ပေ။ ထို့အပြင် အာဆင်နယ်၏အ ထက် အဆင့် (၅)နေရာဖြင့် ရာ သီသိမ်းရန် မျှော်လင့်ချက်ပါးပါး သာရှိသည်။
‘‘ဘောလုံးတစ်ပွဲမနိုင်တဲ့အ ခါ နာကျင်ရပါတယ်။ ထိပ်ဆုံး လေးသင်းစာရင်းဝင်ဖို့ ကျွန်တော် တို့ မထိုက်တန်ပါဘူး။ အခွင့်အ ရေးတွေ ရတဲ့အခါ မဆုပ်ကိုင်နိုင် ခဲ့ဘူး။ အဆုံးသတ်မှာတော့ အ မှတ်ပေးဇယားကမလိမ်ပါဘူး’’ ဟု ဆိုးလ်ရှားက ပြောသည်။ နောက်ကျ ကစားခဲ့သော နည်းပြအမ်မရီ၏ အာဆင်နယ် က အိမ်ကွင်းတွင် ဘရိုက်တန်နှင့် သရေကျသောကြောင့် အဆင့် (၄) အတွင်းဝင်ရန် မဖြစ်နိုင်တော့ ပေ။ ထို့ကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အာဆင်နယ်အ နေဖြင့် ယူရိုပါလိဂ်ဖလားဗိုလ်စွဲမှ သာ ဖြစ်နိုင်မည်ဖြစ်သည်။
‘‘ခက်ခဲမယ်ဆိုတာ သိပေ မယ့် အခုတော့ ယူရိုပါလိဂ်ဖလား ကို အာရုံစိုက်ရပါမယ်။ အရေး ကြီးတဲ့အရာလုပ်ပြဖို့ ယူရိုပါလိဂ် မှာ ကျွန်တော်တို့ အခွင့်အရေးရှိ ပါတယ်။ ဒါကိုကြိုးစားပါမယ်’’ ဟု အမ်မရီကပြောသည်။ အာဆင်နယ်သည် ယူရိုပါ လိဂ်ပထမအကျော့အကြိုဗိုလ်လု ပွဲတွင် ဗလင်စီယာကို ၃-၁ဂိုးဖြင့် အနိုင်ရထားသည်။
No comments:
Post a Comment