
ထိုသို့တွေ့ဆုံစဉ် တရုတ်-မြန်မာနှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း(Belt and Road Initiative-BRI) ၏ အစိတ် အပိုင်းဖြစ်သည့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား စီးပွားရေးစင်္ကြန်နှင့် စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
No comments:
Post a Comment