မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အနေနဲ့ လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်း စာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ လည်းကောင်း၊ နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ချောမွေ့အောင်မြင်စေရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အထောက်အကူပြုစေဖို့အတွက် လည်းကောင်း အကျဉ်းသားပေါင်း ၆၅၂၀ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်ခွဲ (၁) အရ စည်းကမ်း သတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တာလို့ သမ္မတရုံးအမိန့်စာမှာ ဖော်ပြထားပါတယ်။
မြန်မာနှစ်သစ်ကူး အတာသင်္ကြန်အပြီး ဧပြီ ၁၇ ရက်နေ့ကလည်း နိုင်ငံသားအကျဉ်းသားပေါင်း ၉၅၃၅ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးကို နိုင်ငံတော်သမ္မတက ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါ့အပြင် ဧပြီ ၂၆ ရက်နေ့ကလည်း နိုင်ငံသားအကျဉ်းသား အကျဉ်းသူပေါင်း ၆၉၄၈ ဦးကို သမ္မတက ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်ပေးပြီး အကျဉ်းထောင်အသီးသီးကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလနဲ့ အခုမေလ ၂ လအတွင်း သမ္မတက သုံးကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသားစုစုပေါင်း ၂၃၀၀၀ ကျော် ရှိသွားပြီဖြစ်ပြီး ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့လည်း ပြန်လွတ်လာပါတယ်။
No comments:
Post a Comment