Pages
Tuesday, May 7, 2019
ပါပူဝါနယူးဂီနီတွင် အင်အား ၇.၂ ရှိ ငလျင်လှုပ်
ယနေ့ နံနက်ပိုင်းက ပါပူဝါနယူးဂီနီနိုင်ငံတွင် ရစ်ခ်တာစကေး အင်အား ၇.၂ ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း ကနဦးသတင်းသိရသည်။ ပါပူဝါနယူးဂီနီနိုင်ငံ ဘူလိုလိုမြို့မှ ကီလိုမီတာ ၃၀ အကွာ မြေအောက် ၁၂၇ ကီလိုမီတာနေရာကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်သည်။ ”လှုပ်သွားတာက အနည်းဆုံး မိနစ်ဝက်လောက်တော့ကြာတယ်ဗျ။ အိမ်တွေထဲမှာ ဆိုင်တွေထဲမှာပါလှုပ်ပြီး ပစ္စည်းတွေ စင်တွေပေါ်ကနေပြုတ်ကျကုန်ကျတယ်”ဟု ထိုမြို့တွင်နေထိုင်သော ဒီဇိုင်နား ခရစ်စတိုဖာလမ်းကပြောသည်။ လက်ရှိအချိန်အထိ လူသူထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှု သတင်းပေးပို့ချက်များ မရရှိသေးကြောင်း ဒေသအာဏာပိုင်တို့ကဆိုသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment