မန်ယူနောက်ခံလူဟောင်း ဒါလေဘလိုင်းကတစ်ဂိုး၊ ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူးဟောင်း ဟန်တဲလားက နှစ်ဂိုးနှင့် ရက်စ် မတ်စ်၏ဂိုးဖြင့် အေဂျက်ဇ်အနေ ဖြင့် ၂၀၀၉-၁၀ နောက်ပိုင်း ဒတ်ခ်ျဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။
‘‘အေဂျက်ဇ်အသင်းဖလားရ ခဲ့တာ တော်တော့်ကိုကြာခဲ့ပါပြီ။ ရာသီတစ်လျှောက်လုံး ဒါကို ကျွန်တော်တို့တောင့်တခဲ့တာပါ။ အခုထိတော့ ဒီရာသီက ချော ချောမွေ့မွေ့ပါပဲ။ ဒါပေမဲ့ ကျွန် တော်တို့ မကျေနပ်သေးပါဘူး’’ ဟု နောက်ဆုံးငါးနှစ်အတွင်းဆု ဖလားငတ်မွတ်မှုအဆုံးသတ်ခဲ့ ပြီးနောက် အေဂျက်ဇ်နည်းပြ တန်းဟက်ဂ်က ပြောသည်။
‘‘စပါးနဲ့ပွဲအတွက် ပြင်ဆင် သွားမှာပါ။ ဘာမှအရေးတကြီး မရှိပါဘူး။ ကျွန်တော်တို့တွေ့မြင် ရသလောက်တော့ ဒါက အဆင် ပြေပါလိမ့်မယ်’’ ဟု တန်းဟက်ဂ် က ထပ်လောင်းပြောသည်။
ပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲသာ ကျန်တော့သည့် ဒတ်ခ်ျအမှတ်ပေး ပြိုင်ပွဲတွင် ရမှတ် ၈၀ စီဖြင့် ပီ အက်စ်ဗီနှင့် ရမှတ်ချင်းတူသော် လည်း ဂိုးကွာခြားချက် ၁၀ ဂိုးအ သာရထားသော အေဂျက်ဇ်က ထိပ်ဆုံးနေရာ ရယူထားသည်။
No comments:
Post a Comment