ဒီကနေ့ မေလ ၇ ရက်နေ့မှာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ မပါရှိသေးပေမယ့် လွတ်မြောက်လာမယ့် စာရင်းထဲမှာတော့ ပါနေတယ်လို့ ရခိုင်အမျိုးသားပါတီကပြောပါတယ်။ေ လာလောဆယ်မှာ လွတ်မြောက်လာခြင်းမရှိသေးပေမယ့် စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ ဒေါက်တာ အေးမောင်တို့ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဖြစ်သူ ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်း ရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။
ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ဟာ ပုဒ်မ ၁၇ (၁)၊ ၁၂၂ တို့နဲ့ ထောင်ဒဏ် နှစ် ၂၀ စီ ကျခံနေရတာဖြစ်ပါတယ်။ လက်ရှိ အင်းစိန်အကျဉ်းထောင်မှာ ရှိနေတာဖြစ်ပြီး လုပ်ထုံးလုပ်နည်းတွေအရ စစ်ဆေးမှုတွေ လုပ်နေရတဲ့အတွက် မနက်ပိုင်းလွှတ်ပေးတဲ့အထဲမှာ ပါမလာတာ ဖြစ်နိုင်ကြောင်းနဲ့ ညနေပိုင်း လောက်ထိ စောင့်ကြည်ရဦးမှာဖြစ်တယ်လို့ ဦးထွန်းအောင်ကျော်ကပြောပါတယ်။
နိုင်ငံတော်သမ္မတက ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေး၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားတဲ့ အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ချောမွေ့အောင်မြင်စေဖို့နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အထောက်အကူပြုစေဖို့ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၆၅၂၀ ဦးကို ဒီနေ့ မေလ ၇ ရက်နေ့မှာ လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
No comments:
Post a Comment