

သန်းမြင့်ပါ ၇ ဦး၏ ထွက်ဆိုချက်အရ ဧပြီလ ၂၀ ရက်နေ့ ၁၆၀၀ အချိန် သန်းမြင့်အား ကျောက်ဖြူမြို့နေ စန်းလွင်(ခ) ကိုကြီးစန်း(စိစစ်ဆဲ)မှ မလေးရှားနိုင်ငံသို့ သစ်များပို့ဆောင်ပြီး ပြန်လာသည့် ၎င်းပိုင် စက်လှေမှာ ပင်လယ်ပြင်၌ မျောနေသဖြင့် ၎င်းနှင့် တောင်ကုတ်မြို့နေ ဖိုးသာထူး(စိစစ်ဆဲ)တို့ ၂ ဦးပိုင် စက်လှေဖြင့် သွားရောက်ဆွဲပေးရန် သွားရမည်နေရာအား GPS ဖြင့် လမ်းညွှန်မည် ဖြစ်ကြောင်း၊ စန်းလွင်(ခ) ကိုကြီးစန်းမှ ပဲ့နင်း ကျပ် ၃ သိန်း၊ ပဲ့နင်းအကူ ကျပ် ၂ သိန်း၊ လှေသား ၁ ဦး ကျပ် ၁ သိန်းခွဲ ပေးမည် ဖြစ်ကြောင်း၊ ဧပြီလ ၂၄ ရက်နေ့ ၀၁၄၀ အချိန် သန်းမြင့် ပါ ကျား ၇ ဦးသည် ဂျိတ်တော ရွာမှ ပင်လယ် ပြင်သို့ စက်လှေဖြင့် ထွက်ခွာခဲ့ကြောင်း၊ လမ်းခရီးတွင် ဖိုးသာထူးနှင့် စန်းလွင်(ခ) ကိုကြီးစန်းမှ သန်းမြင့် ၏လက်ကိုင်ဖုန်းသို့ မကြာခဏ ဆက်သွယ်မှုရှိကြောင်း၊ ဖိုးသာထူးမှ မြောက်လတ္တီတွဒ် ၀၇ ဒီဂရီ ၄၀ မီနစ်၊ အရှေ့လောင်ဂျီကျူ ၉၆ ဒီဂရီ ၃၀ မိနစ် ရောက်ရှိက စက်လှေ ၁ စီးမှ အချက်ပြ ဆက်သွယ်၍ ရေခဲထုပ် ၁၀ ထုပ် လာပို့မည်ဟု ဖုန်းဖြင့်ဆက်သွယ်ပြောဆိုခဲ့ကြောင်း၊ သွားရောက်မည့်နေရာ မရောက် မီ အခင်းဖြစ်နေရာ၌ ဖမ်းဆီးခံရကြောင်းနှင့် စက်လှေပေါ်ပါ သိမ်းဆည်းရမိ ပစ္စည်းများမှာ စန်းလွင်(ခ) ကိုကြီးစန်း၏ ပစ္စည်းများဖြစ်ကြောင်းသိရှိရသဖြင့် မေလ ၄ ရက်နေ့ ၂၁၀၀ အချိန် သန်းမြင့်ပါ ၇ ဦး (ဖမ်းမိ) အား မြိတ်မြို့မ ရဲစခန်း(ပ)၁၃၄၅/၂၀၁၉၊ ပို့ကုန်/သွင်းကုန်ပုဒ်မ ၈/၁၀ ဖြင့် လည်းကောင်း၊ ၂၁၀၅ အချိန် တွင် (ပ)၁၃၄၆/၂၀၁၉၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
No comments:
Post a Comment