မေလ ၅ ရက် ညက ချန့်ဖိုတ်ရပ်ကွက်ရှိ ကာရာအိုကေဆိုင်တဆိုင်မှာ အလုပ်လုပ်နေသူ ၄ ဦးကိုတွေ့ရှိကြောင်း၊ ၂ ဦးမှာ အသက် ၂၀ နှစ်ရွယ်ရှိ မြန်မာမိန်းကလေးတွေဖြစ်ပြီး နေထိုင်ခွင့် အထောက်အထားမရှိတဲ့အတွက် သူတို့ကို ဖမ်းဆီးထားကာ ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှု၊ ခွင့်ပြုချက်မရဘဲအလုပ်လုပ်မှုတွေနဲ့ အရေးယူသွားမယ်လို့ လ၀ကရဲတဦးက သတင်းထောက်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၄ ရက်ကတော့ ဆန်ဆိုင်းမြို့နယ် မဲ့ဖက်မိုင်ရပ်ကွက်တွင်းရှိ ကုန်စိမ်း အလုပ်ရုံတရုံမှာ မြန်မာလုပ်သား ၁၅ ဦး အလုပ်လုပ်နေတာတွေ့ရှိပြီး အဲဒီထဲက ၂ ဦး သာလျှင် အထောက်အထားလက်မှတ်ရှိကာ ကျန်တဲ့ ၁၃ ဦးမှာတော့ နေထိုင်ခွင့်လက်မှတ်မရှိတဲ့အတွက် နိုင်ငံထဲတရားမ၀င် ၀င်ရောက်နေထိုင်မှုနဲ့ တရားမ၀င်အလုပ်ဝင်လုပ်မှုတွေနဲ့ အရေးယူ သွားမယ် လို့ ဆိုပါတယ်။
ဒါ့အပြင် အဆိုပါ အလုပ်ရုံအနောက်ဘက်က တည်းခိုခန်းတခုကို ၀င်စစ်ရာမှာ အလုပ် လုပ်ခွင့် သက်တမ်းကုန်ဆုံးနေသူ မြန်မာလုပ်သား ၁ ဦး နဲ့ နိုင်ငံခြားသားတွေကို ခိုလှုံခွင့်ပေးပြီး ၁၅ ရက်အတွင်း သက်ဆိုင်ရာကို ဧည့်စာရင်းမတိုင်ခဲ့တဲ့ အသက် ၅၇ နှစ်ရွယ် တည်းခိုခန်းပိုင်ရှင် ကိုပါ တရားဥပဒေအရ အရေးယူဖို့ ဖမ်းဆီးထားကြောင်း တာဝန်ရှိသူက ပြောပါတယ်။
No comments:
Post a Comment