Sunday, June 23, 2019

လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်များအတွင်း AA အဖွဲ့အနေဖြင့် လူသားတံတိုင်းအသွင် ရွာကို အကာအကွယ်ယူခြင်းအပြင် သာသနိက အဆောက်အအုံများကိုပါ အကာအကွယ်ယူ၍ ဆောင်ရွက်လာသည်ကိုတွေ့ရဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား

လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်များအတွင်း AA အဖွဲ့အနေဖြင့် လူသားတံတိုင်း အသွင် ရွာကိုအကာအကွယ်ယူခြင်းအပြင် သာသနိကအဆောက်အအုံများကိုပါ အကာအကွယ်ယူ၍ လှုပ်ရှားဆောင်ရွက်လာသည်ကို တွေ့ရကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။ ဇွန် ၂၂ ရက်က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစား၏ရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။



“AA အဖွဲ့အနေနဲ့ လုပ်ဆောင်နေတာသည် ကျွန်တော်တို့ အရင်တုန်းက မီဒီယာများ သိပါလိမ့်မယ်။ လက်ကာကျေးရွာဖြစ်စဉ်ရှိတယ်။ ကျောက်တန်းကျေးရွာဖြစ်စဉ်ရှိတယ်။ ကျွန်တော်တို့ ခဏခဏပြောတာ ရှိပါ တယ်။ ရွာတွေ အနီးနားမှာ သတင်းပေါ်တယ်။ ရွာတွေအနီးနားလေးမှာ ကျွန်တော်တို့ တပ်တွေကိုပစ်ပြီး ပြေးတယ်။ ရွာတွေအနီးနားလေးမှာ မိုင်းထောင်မိုင်းဆွဲ တိုက်ခိုက်တယ်။ လူသားတံတိုင်းအသွင်နဲ့ ဒါရွာကို အကာအကွယ်ယူပြီး ဆောင်ရွက်ပါတယ်။ အခုအချိန် မှာ ဘာကိုပါ အကာအကွယ်ယူထားလဲဆိုတော့ သာသနိကအဆောက်အအုံတွေကိုပါ အကာအကွယ်ယူပြီး လှုပ်ရှားဆောင်ရွက်လာတာကို တွေ့ရပါတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။


ဇွန်၂၀ ရက် မွန်းလွဲပိုင်းက မြောက်ဦး ဝေသာလီကျေးရွာအနီးတွင် AA အကြမ်းဖက် သောင်းကျန်းသူအဖြစ် ယူဆရသည့် မသင်္က࿿ာဖွယ် အမျိုးသားရှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ゞင်းတို့ကို မြောက်ဦးမြို့မရဲ စခန်းသို့ ပို့ဆောင်၍ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “သင်းကျစ်တောင် ဘုရားကုန်းပေါ့။ သင်းကျစ်တောင်ဘုရားကုန်းမှာ ကျွန်တော်တို့ မနေ့က ညနေ ၄ နာရီ လောက် အချိန်မှာ ဝင်ပြီးတော့ ကျတော့ ရှာတယ်။ အဲဒီမှာ ဘုန်းကြီးကျောင်းလည်း ရှိပါတယ်။ ကျွန်တော်တို့ ဝင်ရောက်ပြီး ရှာဖွေပါတယ်။ ဝင်ရောက်ပြီး ရှာဖွေတဲ့နေရာမှာ ရပ်မိရပ်ဖများ ပါဝင်ပါတယ်။ ကျွန်တော်တို့ တပ်က တာဝန်ရှိသူများ ပါဝင်ပါတယ်။ ဒီဟာတွေ ဝင်ရောက်ရှာဖွေခဲ့တဲ့နေရာမှာ သင်း ကျစ်တောင်ဘုရားကုန်းမှာ သူတို့ကတော့ စစ်ဘေးရှောင် ဒုက္ခသည်စခန်း ဖွင့်ထားတယ် ဆိုပြီး ပြောပါတယ်။ အဲဒီမှာ ကျွန်တော်တို့ လုပ်သေနတ်တွေမိခဲ့တာ ရှိပါတယ်။ မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေ မိခဲ့တာရှိပါတယ်။ Remote မိုင်းမှာ အသုံးပြုတဲ့ ကျွန်တော်တို့ ကတ်ပြားတွေကို ကျွန်တော်တို့ မိခဲ့တာ ရှိပါတယ်။ လုပ်သေနတ်ခဲယမ်း၊ အဝတ်အထည်၊ စားသောက်ကုန်တွေ ကျွန်တော်တို့ မိခဲ့တာရှိပါတယ်”ဟု ပြောကြားသည်။

အထက်ပါဘုန်းကြီးကျောင်းတွင် စစ်ရှောင်စခန်းနှင့်မလျော်ညီသည့် လုပ်သေနတ်များ၊ အီကွေးမန့်များ၊ စစ်ပစ္စည်းများ သိုလှောင်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ် ပြန်လည် တည်ငြိမ်အေးချမ်းပြီး ယခင်အဖြူရောင်နယ် မြေပြန်ဖြစ်ဖို့ဆိုရင် ပြည်သူလူထုပါ ပါဝင်ပြီး ဒေသခံ ပြည်သူလူထုပါ ပါဝင်ပြီး အားလုံးပူးပေါင်းဆောင်ရွက် သွားဖို့ လိုအပ်ကြောင်း ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

No comments:

Post a Comment