
“မြို့ပေါ်မှာတော့ အထက်တန်းကျောင်း သုံးကျောင်းကိုဝင်စစ်ပြီးပါပြီ။ အထက-၁ နဲ့ ၂ မှာတော့ ဘာမှမတွေ့ခဲ့ဘူး။ ဒီနေ့ အထက- ၃ ကိုစစ်တော့ သက်တမ်းလွန်အချိုရည်ဘူးလေး၊ ငါးဘူးနဲ့ သက်တမ်းလွန် မုန့်ထုပ်တချို့ကို တွေ့ခဲ့တယ်။ ဈေးသည်တွေကိုလည်း ဒီလိုမျိုး နောက်မရောင်းဖို့ သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။ သက်တမ်းလွန် စားသောက်စရာတွေကိုလည်း သိမ်းဆည်းပြီး ဖျက်ဆီးမှုတွေ လုပ်ခဲ့ပါတယ်” ဟု စားသုံးသူရေးရာဌာန တာဝန်ခံ ဦးကျော်မျိုးမင်းက ပြောကြားသည်။ စားသုံးသူရေးဌာနနှင့် ကျောင်းကျန်းမာရေးတာဝန်ရှိသူများ ပူးပေါင်းပြီး စားသုံးရန် မသင့်သည့် အစားအစာများကြောင့် သွေးလွန်တုတ်ကွေးရောဂါအကြောင်းအား စာသင်ကျောင်းများတွင် အသိပညာပေးဟော ပြောမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment