
Australia မှာတော့ ဒုက္ခအနေနဲ့ရော ရွှေ့ပြောင်းအလုပ်သမားများအဖြစ်နဲ့ပါ နေထိုင်ကြတဲ့ ကရင်လူမျိုး တော် တော်များများရှိပါတယ်။ ရေဘက္ကာ နဲ့ သူမရဲ့ အစ်မတို့ကတော့ ပထမဆုံးအကြိမ် Melbourne မြို့ကို ရောက်တဲ့အခါမှာတော့ အင်္ဂလိပ်စာကို ဘာသာရပ်ကျောင်းမှာ လေ့လာခဲ့ရတယ်။ သူမက Melbourne မြို့ရဲ့ William Angliss Institution မှာ Certificate III Aviation ကို လေ့လာခဲ့ပါတယ်။
ရေဘက္ကာနဲ့ တွေဆုံမေးမြန်းခန်းလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။
မေး ။ သြစတေးယျ ရောက်ခဲ့ပုံလေး အကြောင်းကို ပြောပါအုံး။
ဖြေ။ “ ၂၀၀၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တုန်းက ထိုင်းနိုင်ငံ မဲဆောက်ကနေ ကျွန်မရဲ့မိဘ နှစ်ပါး၊ အစ်မ နှစ်ယောက်၊ အစ်ကို တစ်ယောက်နဲ့ အတူ သြစတေးလျ ကို ရောက်ခဲ့တာပါ။ပထမဆုံး Hoppers Crossing မှာ ကျွန်မတို့နေခဲ့တယ်။ သြစတေးယျ ကိုရောက်တာနဲ့ ကျွန်မနဲ့ အစ်မ နှစ်ယောက်က Footscray ကျောင်းမှာ အင်္ဂလိပ်စာကိုလေ့လာခဲ့တယ်။ပြီးနောက်မှာတော့ Bellbridge မူလတန်းကျောင်းမှာ ပညာရေးကို ဆက်လက်လေ့လာခဲ့တယ်။အဲ့ဒါပြီးတာနဲ့ ကျွန်မတို့ Werribee ကို ပြောင်းရွှေ့ခဲ့တယ်။ Wyndham Central College မှာ ကျွန်မတို့ အထက်တန်းကျောင်းကို တက်ရောက်ခဲ့တယ်။”
မေး။ ဘာကြောင့် လေယာဉ်မယ် သင်တန်းကို တက်ဖို့ရွေးချယ်ခဲ့ရတာလဲ . . . . . . . . ?
ဖြေ။ “ လေယာဉ်မယ် တစ်ယောက်ဖြစ်ဖို့က ငယ်ငယ်ကတည်းက မက်ခဲ့တဲ့ အိမ်မက်ပါ။
ဒီသင်တန်းကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်ကတော့ customer တွေကို ဝန်ဆောင်မှုတွေ ပေးချင်လို့ပါ။
သူတို့ကို ပျော်ရွှင်အောင် လုပ်ပေးချင်သလို လေယျာဉ်ပေါ်မှာ ဝန်ဆောင်မူပေးတဲ့ အတွေ့အကြုံ လိုချင်တာလည်း ပါတယ်။ Customer တွေကို ပြုံးရွှင်တဲ့ မျက်နှာတွေနဲ့ ဖြစ်စေချင်တာပါ။တခြားလူတွေကို ဂရုစိုက်ပြီး သူတို့လိုအပ်တာတွေကို စီစဉ်ဖြည့်စွက်ပေးချင်တဲ့ လူတစ်ယောက်ဖြစ်ချင်တာလည်း ပါတယ်။ ”
မေး။ မကြာသေးမီက ရေဘက္ကာတို့အဖွဲ့ နယူးဇီလန်ကို လေ့လာရေးအတွက် သွားခဲ့ကြပါတယ်။ ဘာတွေများ လေ့လာခဲ့တာလဲ . . . . . ?
ဖြေ ။ “ Customer တွေကို ဘယ်လိုဝန်ဆောင်မှုပေးရမလဲ ဆိုတဲ့အရာတွေ လေ့လာနေပါတယ်။ဘေးအန္တာရယ်ကင်းရှင်းမှုနဲ့ လုံခြုံရေး စည်းမျဉ်း စည်းကမ်းတွေကို လေ့လာနေပါတယ်။ တကယ့် လေယာဉ် အစစ်နဲ့ နယူးဇီယန်ကို လေ့လာရေးဆင်းဖို့ သွားခဲ့တာပါ။ အရေးပေါ်အခြေအနေဖြစ်တဲ့ အခါမှာတော့ Customer တွေကို သတိပေးပြီး ကွပ်ကဲပေးရတယ်။အရေးပေါ်အခြေအနေအတွက် လေ့ကျင့်မှုတွေလည်း လုပ်ရတယ်။”
မေး ။ အဲ့ဒီသင်တန်းတက်ခဲ့ရတဲ့ ခံစားချက်ကိုလည်း ပြောပါဦး။
ဖြေ။ “ အိုး . . . .အရမ်း စိတ်လှုပ်ရှားတယ်။
ဒီသင်တန်းကို တက်ရတာ ပျော်လည်းပျော်တယ်။ စိတ်လှုပ်ရှားစရာလည်း အရမ်းကောင်းတယ်။
ကျွန်မ အိမ်မက်တွေ ပြည့်ဝသွားဖို့အတွက် ဒီအလုပ်ကို ရပါစေလို့ အမြဲတမ်းဆုတောင်းနေရတယ်။ ”
Credit – Australia ရဲ့ SBS Karen News မှာ ဖေါ်ပြထားတာကို ZANN က ဘာသာပြန်တင်ဆက်ထားပါသည်။
No comments:
Post a Comment