Sunday, June 23, 2019

အစီရင်ခံစာကို အပြီးသတ်ရန်အတွက် ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံထဲသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေရဆဲဟု ပြောကြား

ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟူသည့် စွပ်စွဲမှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  လွန်ခဲ့သည့် ဇူလိုင်လက တာဝန်ပေးထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က ゞင်းတို့သည် အစီရင်ခံစာကို အပြီးသတ်ရန်အတွက် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံထဲသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေရဲဆဲဖြစ်ကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံမှ သံတမန် ရိုဆာရီယိုမာနာလို ဦးဆောင်သည့် ကော်မရှင်ကို တာဝန်ထမ်းဆောင်ရန် အချိန်တစ်နှစ် ပေးထားခဲ့ခြင်းဖြစ်သည်။



သို့သော် ICOE သည် ယခုအထိ ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်သို့ ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း ゞင်းတို့က CAN ကို ပြောကြားခဲ့သည်။ “အချက်အလက်တွေနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ တွေ့ရှိချက်ကို အပြီးမသတ်နိုင်ခင်မှာ အကြီးအကျယ် စုံစမ်းစစ်ဆေးမှုတွေ လိုအပ်ပါတယ်”ဟု ICOE ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

“ကော့ဘဇားကို သွားရောက်ဖို့ ICOE ရဲ့ မေတ္တာရပ်ခံချက်ကို ဘင်္ဂ္လားဒေ့ရှ်နိုင်ငံက တုံ့ပြန်မှုမရှိတဲ့ အနေအထားမှာ ဘင်္ဂ္လားဒေ့ရှ်ဟာ ICOE ရဲ့ စုံစမ်းစစ်ဆေးသူတွေကိုရော၊ ကော့ဘဇားက သက်သေတွေကိုပါ ထိရောက်ပြီး ပြည့်စုံတဲ့ အလုပ်တစ်ခု ပြီးမြောက်ဖို့ ပိတ်ပင်ထားသလို ဖြစ်နေပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

“အကျိုးဆက်အနေနဲ့ တာဝန်ခံမှုကို ရှာဖွေဖို့ မြန်မာနိုင်ငံရဲ့ အမျိုးသားစုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်ဟာ ဘင်္ဂ္လားဒေ့ရှ်နိုင်ငံကြောင့် အနှောင့်အယှက်ဖြစ်ရပါတယ်”ဟု လည်း ゞင်းက ပြောကြားခဲ့သည်။

သို့သော် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံအနေဖြင့် တုံ့ပြန်မှုရှိလာလိမ့်မည်ဟု ICOE က အကောင်းမြင်ထားဆဲဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

မာနာလိုသည် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူမိုမန်ထံသို့ ဖုန်းဆက်ခွင့်ရရန် ဇန်နဝါရီ ၁၀ ရက်က  စာရေးသားတောင်းဆိုခဲ့သည်ဟုလည်း ICOE က ပြောကြားခဲ့သည်။

“၂၀၁၉ ခုနှစ် မေ ၂၈ ရက် နေ့စွဲ ရေးထိုးထားတဲ့ နောက်ဆက်တွဲစာကို ICOE ဥက္ကဋ္ဌဌ က ပို့ခဲ့ပြီး လိုအပ်ချက် အသေးစိတ်အားလုံးကို ဘင်္ဂ္လားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကို အသိပေးထားပါတယ်”ဟု ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

သို့သော် တုံ့ပြန်မှုမရှိဟု ゞင်းက ပြောကြားခဲ့သည်။ ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ၏ အတည်ပြုချက်နှင့်အတူ မြေပြင်အခြေအနေရပ်များနှင့် မည်သည့်အရာများကို လေ့လာစူးစမ်းနိုင်မည်နည်းဟူသည့် အချက်တို့အပေါ်  မူတည်လျက် ခွင့်ပြုသမျှ အချိန်အတွင်း ကော့ဘဇား၌ စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ရန် မျှော်လင့်ထားကြောင်း ICOE က ပြော ကြားခဲ့သည်။

ကော်မရှင်သည် ကော့ဘဇားတွင် နေထိုင်လျက်ရှိသော သက်သေများထံမှ သက် သေအထောက်အထားများနှင့် အချက်အလက်များကို စုဆောင်းရန်နှင့် အဆိုပြုချက်များကို မှတ်တမ်းတင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

ယခုလက်ရှိ၌ ゞင်းတို့သည် ရွာများတွင် ရောနှောနေထိုင်လျက်ရှိသော ရခိုင်လူမျိုးများ၊ မွတ်စလင်များနှင့် ဟိန္ဒူများအပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်း ရွာအမျိုးမျိုးရှိ ကွဲ ပြားခြားနားသော လူအုပ်စုများအား တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ICOE က CAN သတင်းဌာနသို့ ပြောကြားခဲ့သည်။

ICOE သည် ゞင်းတို့၏ သဘောဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လာသည့် မွတ်စ လင်မိသားစုတစ်စုနှင့်လည်း တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သူတို့က သူတို့ ပြန်မလာမီနဲ့ ပြန်လာပြီးနောက် သူတို့ရဲ့အတွေ့အကြုံတွေကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်”ဟု ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ၌ မြန်မာနှင့် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံတို့အကြား ဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း တရားဝင်လမ်းကြောင်းမှတစ်ဆင့် ဘင်္ဂ္လားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ပြန်လာသည့် ဘင်္ဂ࿿ါလီမွတ်စလင်ဒုက္ခသည် ယနေ့အထိ တစ်ဦးတစ်ယောက်မျှမရှိဟု ဆိုသည်။

No comments:

Post a Comment