
Outstanding ASEAN Women Entrepreneur Award 2019 ဆုပေးပွဲသည် အာဆီယံနိုင်ငံများထဲမှ စွန့်ဦး တီထွင်သည့် အမျိုးသမီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအား ပေးအပ်သည့် ဆုဖြစ်ပြီး အဆိုပါဆုရရှိခဲ့သည့် အမျိုးသမီး ၅ ဦးကို တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုမှုပြုလုပ်ခဲ့ကြသည်။ "အာဆီယံနိုင်ငံတွေထဲက ယှဉ်ပြိုင်တဲ့ ၈၇ ယောက်မှာ မြန်မာက ၁၀ ယောက်ရခဲ့ပါတယ်။ မန္တလေးက ငါးယောက် ၊ ရန်ကုန်က ငါးယောက်ရခဲ့ပါတယ်''ဟု ဆုရရှိခဲ့သည့် New Technical Group Computing Co,Ltd မှ ဒေါ်သီရိခေတ်ကပြောသည်။
Outstanding ASEAN Women Entrepreneur Award 2019 တွင် ဆုရရှိခဲ့သည့် မန္တလေးမြို့မှ အမျိုးသမီး ငါးဦးမှာ New Technical Group Computing Co,Ltd မှ ဒေါ်သီရိခေတ် ၊ New Star Light Group ကုမ္ပဏီမှ ဒေါ်မေရင် ၊ Unique Generation Group Computing ကုမ္ပဏီ မှ ဒေါ်ခင်ဝင်းဆွေ ၊ Shwe Myanmar Garment ကုမ္ပဏီ မှ ဒေါ်နွယ်နီသိန်း ၊ Aung Wint Htae ကုမ္ပဏီ မှ ဒေါ်အေးအေးအောင်တို့မှ အသီးသီး ရရှိခဲ့ကြကြောင်းသိရသည်။
No comments:
Post a Comment