Food Box အတွင်း အာလူး ကြော်၊ ဆန်ချောင်းကြော်၊ ပေါင် မုန့်၊ ကိတ်ခြောက်၊ ခေါက်ဆွဲ ခြောက်၊ ဖျော်ရည်၊ ဂျယ်လီ၊ ဧလ မုန့်၊ ငှက်ပျောသီးနှင့် သရက်သီး စသည့် စားသောက်ဖွယ်ရာ ၁၅ မျိုးကို အ လှူရှင် ၁၇ ဦးက စုပေါင်းလှူဒါန်းပြီး နောက်ရက်များတွင် စုပေါင်းလှူဒါန်းမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘ကိုယ်လှူထားတဲ့ စား သောက်ဖွယ်ရာတွေ လာယူကြ တာမြင်တော့ ပီတိဖြစ်ပါတယ်။ ကိုယ်တိုင်လည်း လှူဖြစ်သလို လာလှူတဲ့သူတွေလည်း အများ ကြီး တွေ့ရတော့ အံ့သြမိတယ်။ ကိုယ်တွေလိုနယ်တွေမှာလုပ်ရင် တစ်ရက်မခံဘူးလို့ ထင်ထားတာ’’ ဟု Food Box တွင် အစားအစာ လှူဒါန်းခဲ့သော မဝေေ၀ဦးက ဆို သည်။ ဇူလိုင် ၁ ရက်တွင် မုံရွာမြို့ ဇောင်ကြမ်းပင်ကျောင်း အနီးတွင် အလှူရှင်တစ်ဦး ဦးဆောင်၍ အသင့်စားမုန့်များ အခမဲ့ယူဆောင်စားသောက်နိုင်မည့် Food Box တစ်ခု ထားရှိရန် စီစဉ်နေကြောင်း ကိုဖြိုးပြည့်စုံက ပြောကြားသည်။
No comments:
Post a Comment