ဒီလိုက် (၁၉) နှစ်က ၎င်းကို ခေါ်ယူရန် မန်ယူ၊ ဘာစီလိုနာနှင့် ပီအက်စ်ဂျီတို့က စိတ်ဝင်စားနေ စဉ် နိုင်ငံများလိဂ်ဖလားပြီးနောက် အနာဂတ်အတွက် ဆုံးဖြတ်မည် ဟု ပြောသည်။
သို့သော် အီတလီ Sky Sports သတင်း ဖော်ပြချက်အရ ယင်းနယ်သာလန်နောက်ခံလူ သည် စီးရီးအေချန်ပီယံဂျူဗင် တပ်သို့ ပြောင်းရန် ဆုံးဖြတ်ထား ပြီဟု သိရသည်။
ဒီလိုက်ကိုခေါ်ယူရေး ပုဂ္ဂိုလ် ရေးသတ်မှတ်ချက်များ အပြီး သတ်သဘောတူညီရန်ရှိနေစဉ် ဂျူဗင်တပ်က ပေါင် ၆၂ သန်းခန့် ပေးရမည်ဖြစ်သည်။
အေဂျက်ဇ်အသင်းခေါင်း ဆောင်က ဘာစီလိုနာသို့ ပြောင်း ရွှေ့နိုင်ခြေကို ပယ်ချထားပြီး ပီ အက်စ်ဂျီကလည်း ၎င်းကိုခေါ်ယူ ရန် မဆွဲဆောင်နိုင်ဖြစ်ခဲ့သည်။
နိုင်ငံများလိဂ်ဗိုလ်လုပွဲအ တွင်း ဂျူဗင်တပ်သို့ ပြောင်းရွှေ့ နိုင်ခြေနှင့် ပတ်သက်၍ ရော်နယ် ဒိုက မေးမြန်းခဲ့ကြောင်း ဒီလိုက်က ပြောသည်။
ဒီလိုက်သည် ချယ်လ်ဆီးမှ ထွက်ခွာကာ မိခင်နိုင်ငံ အီတလီ သို့ ပြန်လာသော ဂျူဗင်တပ်နည်း ပြသစ်ဆာရီ၏ ပထမဆုံး ခေါ်ယူ သော ကစားသမားသစ် ဖြစ်လာ မည်ဖြစ်သည်။
No comments:
Post a Comment