Sunday, June 23, 2019

ကျင်းပနေသောအမျိုးသမီး ကမ္ဘာ့ဖလားတွင် ဖီဖာက ပင်နယ်တီစည်းကမ်း ပြောင်းလဲ

 ပြင်သစ်နိုင်ငံတွင် ပြုလုပ် သော အမျိုးသမီးကမ္ဘာ့ဖလား ရှုံး ထွက်အဆင့်၌ ပင်နယ်တီကန် သွင်းချိန်တွင် ဂိုးသမားများ ဂိုး စည်းပြင်ပသို့ ထွက်မိပါက အပြစ် ပေးခံရမည် မဟုတ်ပေ။ ယင်းကို ဘောလုံးစည်းကမ်း ပြဋ္ဌာန်းသော နိုင်ငံတကာဘော လုံးအစည်းအရုံး ဘုတ် (IFAB) က အတည်ပြုသည်။



ဂိုးသမားတစ်ဦးသည် ဂိုး စည်းပေါ်တွင် ခြေထောက်နှစ်ဖက် စလုံးရှိမနေပါက ပင်နယ်တီပြန်  လည်ကန်ခိုင်းသည့် စည်းကမ်းကို ပြင်သစ်ပြိုင်ပွဲအတွင်း စမ်းသပ်ခဲ့ သည်။ ယင်းမှာ အငြင်းပွားစရာဖြစ် ခဲ့ပြီး VAR စနစ် အသုံးပြုနေခြင်း ကြောင့် ဂိုးသမားသည် လက်မအ နည်းငယ်လှုပ်မိလျှင်ပင် အပြစ် ပေးခံရသည်။ စကော့တလန်ဂိုးသမား လီ အလက်ဇန်းဒါးသည် ယင်းနှင့် ပတ်သက်၍ နောက်ဆုံးအပြစ် ပေးခံရကာ အာဂျင်တီးနားနှင့်ပွဲ တွင် သုံးဂိုးစီသရေကျခဲ့သဖြင့် စကော့တလန်အသင်း အုပ်စုအ ဆင့်မှ လှည့်ပြန်ခဲ့ရသည်။

ပင်နယ်တီမကန်မီ ဂိုးသမား များ မလှုပ်ရစည်းကမ်းနှင့် VAR စောင့်ကြည့်စနစ်အပေါ် ဝေဖန်မှု များ ပေါ်ထွက်လာပြီး အင်္ဂလန်ဂိုး သမား ကာရင်ဘာ့ဒ်စလေလည်း ကန့်ကွက်သူများ၌ ပါဝင်သည်။ ပရီးမီးယားလိဂ်က လာမည့် နှစ်တွင် ဂိုးသမားများထိုသို့ အပြစ်ကျူးလွန်မှုကို VAR ဖြင့် စောင့်ကြည့်မည်မဟုတ်ဟု အ တည်ပြုသည်။ ဥပဒေသစ်နှင့်ပတ်သက်၍ IFAB က မပြောင်းလဲသော်လည်း ပင်နယ်တီကန်ချိန်တွင် စည်း ကမ်းချိုးဖောက်သော ဂိုးသမား များအပေါ် တိုက်ရိုက်အဝါကတ် ပြခြင်းရပ်တန့်ရန် ဖီဖာ၏တောင်း ဆိုချက်ကို အတည်ပြုပေးခဲ့သည်။

No comments:

Post a Comment