Sunday, June 23, 2019

မိတ္ထီလာတွင် တပ်မတော်သား ၃ ဦးထံမှ စိတ်ကြွဆေးများတွေ့ရှိ၍ ရဲစခန်းတွင် အမှုဖွင့်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်ရှိ အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့ရေး နဲ့ ပို့ဆောင်ရေးတပ်မှ တပ်သား ၃ ဦးထံမှ စိတ်ကြွဆေးပြားတွေ တွေ့ရတာကြောင့် ဗိုလ်ကြီးတဦးက ရဲစခန်းမှာ အမှုလာဖွင့်တယ်လို့ မိတ္ထီလာအမှတ် ၂ ရဲစခန်းက ဇွန်လ ၂၂ ရက်နေ့မှာ ပြောပါတယ်။ မိတ္ထီလာအမှတ် ၂ ရဲစခန်း ဒုရဲအုပ်သိပ္ပံက “ဟုတ်ပါတယ်။ ရဲစခန်းမှာ အမှုလာဖွင့်ပါတယ်။ တပ်မတော်က ဗိုလ်ကြီးတဦးကပဲ တရားလိုလုပ်ပါတယ်။ စစ်ဆေးတာကတော့ တပ်မတော်ခုံရုံးမှာပဲ စစ်ဆေးမှာပါ” လို့ ပြောပါတယ်။



မိတ္ထှီလာမြို့အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့ရေး နဲ့ ပို့ဆောင်ရေးတပ်က တပ်သားကျော်နန္ဒ၊ တပ်သားကျော်မင်းထွေးနဲ့ တပ်သားကောင်းထက်အောင်တို့ ၃ ဦးထံမှ စိတ်ကြွဆေးပြား ၉၅၀ ပြားကို တပ်ရေးဗိုလ်ကြီးနဲ့အဖွဲ့က ရှာဖွေတွေ့ရှိတာကြောင့် တပ်သား ၃ ဦးအား ၂၀၁၉ ခုနှစ် ဧပြီလ ၁၄ရက်က ဖမ်းဆီးခဲ့ပါတယ်။

ဇွန်လ ၂၂ ရက်နေ့မှာ မိတ္ထီလာ အမှတ် ၂ ရဲစခန်းမှာ အမှုအမှတ် မယ(ပ)၁၉/၂၀၁၉ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသည့်ပုဒ်မ ရောင်းချရန်လက်ဝယ်ထားရှိမှု/ပူးပေါင်းကြံစည်မှု ၁၉(က)/၂၁ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment