Sunday, June 23, 2019

မန္တလေးတွင် ကျင်းပမည့် အလွတ်တန်းဖူဆယ်ပြိုင်ပွဲ စာရင်းပေးသွင်းရက် ပြောင်းလဲ

မန္တလေးမြို့၌ ကျင်း ပမည့် အလွတ်တန်းဖူဆယ်ဖလား ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်လို သောအသင်းများ နောက်ဆုံး စာရင်းပေးသွင်းရက်ကိုပြောင်းလဲ သတ်မှတ်ကြောင်း ဖူဆယ်ကော် မတီက ထုတ်ပြန်သည်။ MFF Warrix Futsal Cup (Mandalay) ပြိုင်ပွဲ၏ နောက်ဆုံး စာရင်းပေးသွင်းရမည့် ရက်ကို မူလက ဇွန်လ ၂၁ ရက် သတ်မှတ် ခဲ့သော်လည်း စာရင်းပေးသွင်း သည့်အသင်းများ နည်းပါးသဖြင့် ဇွန်လ ၂၄ ရက်သို့ ပြောင်းလဲသတ် မှတ်ခဲ့ကြောင်း ဖူဆယ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။



အလွတ်တန်းဖူဆယ်ဖလား ပြိုင်ပွဲ (မန္တလေး) ကို ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၂၁ ရက်အထိ မန္တလေးမြို့ မန္တလာသီရိအားက စားရုံတွင် ကျင်းပမည်ဖြစ်ပြီး အ သင်း ၆၄ သင်းဖြင့် ကျင်းပရန် စီစဉ်ထားသည်။

ပြိုင်ပွဲဝင် အသင်းများအနေ ဖြင့် တစ်သင်းလျှင် ကစားသမား ၁၄ ဦး၊ အုပ်ချုပ်နည်းပြ  အဖွဲ့ ၀င်ခြောက်ဦးအထိ စာရင်းပေး သွင်းနိုင်ပြီး ပြိုင်ပွဲဝင်ကြေးကျပ် တစ်သိန်းနှင့် အာမခံကြေးကျပ် တစ်သိန်း ပေးသွင်းရမည်ဖြစ် သည်။

ပြိုင်ပွဲဝင်အသင်းများတွင် ဖူ ဆယ်လက်ရွေးစင် ဖြစ်ဖူးသည့်  ကစားသမားများ၊ ၂၀၁၉ မြန်မာ လိဂ် (၁)နဲ့ မြန်မာလိဂ် (၂)တို့တွင်  မှတ်ပုံတင်ထားသည့် ကစားသ မားများနှင့် နည်းပြများ ပါဝင် ခွင့်မပြုကြောင်း ဖူဆယ်လိဂ်ကော် မတီ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အလွတ်တန်းဖူဆယ်ဖလား ပြိုင်ပွဲ (မန္တလေး)တွင် ချန်ပီယံ  အသင်းကို ဆုဖလားနှင့် ဆုကြေး ကျပ်သိန်း ၃၀ ၊ ဒုတိယရအသင်းကို ကျပ်သိန်း ၂၀ ၊ တတိယရအသင်းကို ကျပ်၁၀ သိန်း၊ စတုတ္ထရအသင်းကို  ကျပ်ငါးသိန်းနှင့် တစ်ဦးချင်း  အကောင်းဆုံးဆုများ လည်း ပေးအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်က ကြီးမှူး၍ MFF Futsal Open Cup ပြိုင်ပွဲကို ၂၀၁၄ က  စတင်ကာ ရန်ကုန်မြို့၌ နှစ်စဉ် ကျင်းပနေပြီး ယခုနှစ်တွင်မန္တလေး  မြို့၌ ပထမဆုံးကျင်းပရန် စီစဉ် ခြင်းဖြစ်သည်။

No comments:

Post a Comment