ဝံပုလွေအုပ်စုဆိုပြီး အမည်တပ်ခေါ်တဲ့ အဲဒီအမျိုးသား ၅ ယောက်ကို မူလတုန်းက လိင်ပိုင်းစော်ကားမှုနဲ့ ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပါတယ်။
အဲဒီလို ချမှတ်တဲ့အပေါ် ဆန့်ကျင်ဆန္ဒပြပွဲ အများအပြားပေါ်ပေါက်ခဲ့တဲ့အတွက် အခုလို တရားရုံးချုပ်မှာ ထပ်မံကြားနာပြီး ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌက လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကတည်းက ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေကြောင့် မုဒိန်းမှုကျူးလွန်သူတွေအပေါ် ထောင်ဒဏ် ၁၅- နှစ်စီ ချမှတ်တာကို အောင်ပွဲခံပါတယ်လို့ ပြောပါတယ်။
တရားခံတွေရဲ့ ရှေ့နေဖြစ်သူက လူ့အဖွဲ့အစည်းဟာ သူ့အမှုသည်တွေအပေါ် ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်တဲ့အတွက် သူတို့အနေနဲ့ ပြစ်ဒဏ်လွတ်အောင် မစွမ်းနိုင်ခဲ့ဘူးလိ့ ပြောပါတယ်။
No comments:
Post a Comment