ပုံတူပန်းချီကားတွေကို တကားကို အနည်းဆုံး ကျပ် ၄၀၀၀၀ ကနေ အများဆုံး အမေရိကန်ဒေါ်လာ ၄၀၀၀ အထိ တန်ဖိုးသတ်မှတ်ရောင်းချမှာလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အသက် ၇၃ နှစ်ပြည့်ခဲ့တုန်းကလည်း အလားတူ ပုံတူပန်ချီကား ၇၃ ကားကို ချိတ်ဆွဲပြသခဲ့ဖူးပြီး အခု ၇၄ နှစ်ပြည့်မွေးနေ့မှာတော့ အသက် ၁၂၀ ရှည်စေသော်လို့ ရည်ရွယ်ပြီး ပန်းချီကား ၁၂၀ ပြသတာ ဖြစ်ပါတယ်။
ရေဆေး၊ ဆီဆေး၊ အခရိုင်လစ်နဲ့ ခဲခြစ်လက်ရာ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီပြပွဲကို ဗိုလ်ချုပ်အောင်ဆန်းဈေးနောက်ဘက်က အရင် ရှုမ၀စာပေတိုက်နားမှာ သွားရောက်ကြည့်ရှု ၀ယ်ယူနိုင်ကြပါတယ်။
No comments:
Post a Comment