
ဂျာမန်ကလပ်လိုက်ပ်ဇစ်အသင်းကနေ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဟန်းနက်စ်ဝုဖ်ဟာ ဆားဘီးယားအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အသက် ၂၁ နှစ်အောက် ဥရောပ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ခြေသလုံးထက်ပိုင်းကျိုးတဲ့ ဒဏ်ရာရရှိသွားပါတယ်။ အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ ဝုဖ်ဟာ ဆားဘီးယား နောက်ခံလူ ဂျိုဗန်နိုဗစ်ရဲ့ အနောက်ဘက်ကနေ ဖျက်ထုတ်ချိန်မှာ ထိခိုက်မိခဲ့တာပါ။ ဒိုင်လူကြီး အန်ဒရီယာအက်ခ်ဘက်ခ် ဟာ VAR ပြန်ကြည့်ခဲ့ပြီးနောက် ဂျိုဗန်နိုဗစ်ကို အနီကတ်ပြထုတ်ပယ်လိုက်ပါတယ်။
ဝုဖ်ဟာ သြစတြီးယားကလပ် ရက်ဘူးလ် ဆဲလ်ဘတ်စ်အသင်းကနေ လိုက်ပ်ဇစ်အသင်းကို ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။
ဆဲလ်ဘတ်နဲ့ လိုက်ပ်ဇစ်တို့ဟာ ညီနောင်အသင်းတွေဖြစ်ပြီး ကုမ္ပဏီတခုတည်းက ပိုင်ဆိုင်တဲ့ အသင်းတွေလည်း ဖြစ်ပါတယ်။
ဝုဖ်ဟာ ဥရောပမှာ ထွန်းတောက်လာမယ့် ကစားသမားတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရပြီး ဆဲလ်ဘတ်အသင်းနဲ့လည်း ဆုဖလားတွေ ဆွတ်ခူးရရှိဖူးပါတယ်။
No comments:
Post a Comment