
တရုတ်နိုင်ငံကို ၆ ရက်ကြာ နိုင်ငံတော်ခရီးစဉ်နဲ့ ရောက်လာတဲ့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ဝါလစ် အယ်လ်မွာလမ်ဟာ ဇွန် ၁၇ ရက်နေ့က ဘေဂျင်းမြို့တော်မှာ တရုတ်ဒုသမ္မတ ၀မ်ချီရှန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံအကြား ဆွေးနွေးပွဲ မစခင် ဝါလစ် အယ်လ်မွာလမ်နဲ့ ၀မ်ချီရှန်းတို့ဟာ မီဒီယာတွေရှေ့မှာ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။ အယ်လ် မွာလမ်ဟာ ဇွန် ၁၈ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီနဲ့လည်း တွေ့ဆုံ သွားမယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
တရုတ်နိုင်ငံ အနောက်စွန်းဘက် ရှင်းကျန်းဒေသက ၀ီဂါလူမျိုးစု ၅ ထောင်လောက်ဟာ ဆီးရီးယားနိုင်ငံထဲက စစ်သွေးကြွအဖွဲ့တွေဆီမှာ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ တရုတ်နိုင်ငံ ဆိုင်ရာ ဆီးရီးယားသံအမတ်က မေလကတည်းက ပြောခဲ့ပါတယ်။
တားကစ်ဘာသာစကားကိုပြောတဲ့ မွတ်စလင် ၀ီဂါလူမျိုးစုတွေဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံကို သွားပြီး အဲဒီဒေသက အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့အတူ တိုက်ခိုက်နေတာကို တရုတ်အစိုးရက စိုးရိမ်နေပါတယ်။
No comments:
Post a Comment