
ထိုသို့တိုက်မိမှုကြောင့် Hijet ယာဉ်ပေါ်ပါ လူ ၄ ဦး အနက် ခေါင်းခန်းပါ ယာဉ်မောင်း အပါအဝင် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ၊ ကျန် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
Hijet ယာဉ်ခေါင်းခန်းတွင်း ညှပ်မိနေသူ (သေဆုံး)အမျိုးသား နှစ်ဦးအား မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး နှင့် လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး တို့ဖြင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ကရိယာများ အသုံးပြုကာ ကယ်ဆယ်ထုတ်ယူပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment