
မန်ယူအသင်ဘက်က ကမ်းလှမ်းမယ်ဆိုရင် အားကစားဒါရိုက်တာအဖြစ် ပြန်လာချင်တယ်လို့ နောက်ခံလူ ဟောင် ဖာဒီနန်က ၀န်ခံပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ အားကစားဒါရိုက်တာ ရာထူးခန့်အပ်ဖို့အတွက် ရှာဖွေနေတာဖြစ်ပြီး အသင်းခေါင်းဆောင်ဟောင်း ဖာဒီနန်ကို ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ဖာဒီနန်က ပြောကြားခဲ့တာပါ။ ယူနိုက်တက်အသင်းကို ချစ်မြတ်နိုးနေဆဲဖြစ်ပြီး အသင်းနဲ့ ဆက်ဆံရေး အခြေအနေကိုလည်း လူအားလုံး သိမြင်လိမ့်မယ်လို့ ဖာဒီနန်ကဆိုပါတယ်။
အသင်းမှာ အခန်းကဏ္ဍတခုအနေနဲ့ တာဝန်ယူဖို့ စကားပြောဆိုမှုတွေရှိလာမယ်ဆို ရင်တော့ လုပ်ဆောင်သွားမယ်လို့ ဖာဒီနန်က ဆိုပါတယ်။
ဖာဒီနန်ဟာ လက်ရှိအချိန်မှာ BT Sports ရုပ်သံမှာ သုံးသပ်သူအဖြစ် တာဝန်ယူနေတာဖြစ်ပြီး စတူဒီယိုအခန်းထဲက ဆိုဖာပေါ်မှာထိုင်ပြီး အလုပ်လုပ်နေရတာကိုလည်း ပျော်ရွှင်ကျေနပ်နေတယ်လို့ ဆိုပါတယ်။
No comments:
Post a Comment