Pages
Tuesday, June 18, 2019
ဦးဝီရသူကို တရားခံပြေးဟု သုံးစွဲထားမှုအတွက် တရားစွဲမည်ဟုဆို
အချိန်ကာလ(၂) နှစ် နီးပါး ကြာမြင့်နေပြီဖြစ်သော Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုတွင် တစ်ဖက်မှ တရားရုံးသို့တင်ပြထားသော လျှောက်လဲချက်၌ ဆရာတော် ဦးဝီရသူကို "တရားခံပြေး" ဟု သုံးစွဲထားသည့်အပေါ် တရားလိုဖြစ်သူ ကိုကျော်မျိုးရွှေက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း နှင့် တရားခံပြေးဟု သုံးစွဲသူ မှန်သမျှကိုလည်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဇွန်လ ၁၈ ရက်၊နံနက်ပိုင်းက (၆၈)ကြိမ်မြောက် ရုံးချိန်းအပြီးတွင် မီဒီယာများကို ပြောသည်။ ဆရာတော်ဦးဝီရသူကို ဖမ်းဝရမ်းထုတ်တဲ့အဆင့်မှာသာ ရှိသေးသည့်အတွက် တရားခံပြေးဟု သုံးစွဲခြင်းသည် တစ်ဖက်သား၏ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ် ဟု တရားလို၏ရှေ့နေ ဦးဇော်ဝိတ်မှ ပြောဆိုခဲ့ပြီးနောက် ရုံးချိန်းကို ဇူလိုင် ၂ ရက်နေ့သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment