
အာဆင်နယ်အသင်းဟာ ပြင်သစ်ကလပ် စိန့်အက်တီယန် နောက်ခံလူ ဆာလီဘာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ ပြင်သစ်လူငယ်လက်ရွေးစင် ၀ီလီယံ ဆာလီဘာကို မန်စီးတီးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းက လက်ဦးမှုရယူနိုင်ခဲ့တာလို့ သိရပါတယ်။ ဗဟိုနောက်ခံလူ ဆာလီဘာဟာ စိန့်အက်တီယန်အသင်းမှာ ခြေစွမ်းပြသနေသူဖြစ်ပြီး အာဆင်နယ်အသင်းက ၅ နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
ဆာလီဘာဟာ ပြင်သစ် ယူ ၁၆၊ ၁၇၊ ၁၈နဲ့ ၁၉ လက်ရွေးစင်အသင်းတွေမှာ ပါဝင်ကစားခဲ့ပြီး အလားအလာရှိတဲ့ နောက်ခံလူအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။
အာဆင်နယ်နောက်တန်းမှာ အသက်အရွယ်ရလာပြီဖြစ်တဲ့ အသင်းခေါင်းဆောင် ကိုစီယယ်နီ၊ အမှားများခဲ့တဲ့ မူစတာဖီနဲ့ ဒဏ်ရာပြဿနာတွေရှိနေတဲ့ ဟိုးလ်ဒင်းတို့ကြောင့် ဆာလီဘာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာလို့ သိရပါတယ်။
No comments:
Post a Comment