
" ဆန္ဒပြပွဲမှာ ကျွန်တော် ပါဝင်ခဲ့တယ်။ အားလုံးမြင်တယ်။ လူငယ်လေးတွေဆိုအိတ်ကြီးအိတ်ငယ်အသွယ်သွယ်နဲ့ တစ် ညလုံးအမှိုက်တွေ သယ်ပြီးရှင်းနေတာ။ အမှိုက်တွေကို ပြန် ရှင်းခဲ့တဲ့သူတွေ အများကြီးပါပဲ"ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဟောင်ကောင်မှ Ennie Chanက ဗြိတိန်မှ Independent မီဒီယာ၏ ဆက်သွယ်မေးမြန်းမှု့ ကို ဖြေကြားသည်။
" ဆန္ဒပြသူတွေက ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။ ဒါပေမယ့် အတော် လည်း စိတ်ဆိုးနေကြတယ်" ဟု ဟောင်ကောင်အုပ်ချုပ်ရေးပိုင်းဆိုင်ရာကို ရည်ညွန်းလျက် Ennie Chan က ပြောသည်။
လူပေါင်း၂ သန်းအထိ ပါဝင်ဆန္ဒပြကြသော်လည်းလူနာတင် ကားများ၊ ခရီးသည်တင်ဘတ်စ်ကားများလာပါက ဆန္ဒပြသူအချင်းချင်း အချက်ပေးညွန်ကြားလိုက်နာကာ လမ်းရှင်းပေးကြသလို ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသွားလာရ လွယ်ကူစေရန် ဝိုင်းဝန်းကူညီပေးကြခြင်းကိုလည်း နိုင်ငံတကာမီဒီယာများက ချီးကျူးခဲ့ကြသည်။
ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် လူငယ်အမျိုးသမီး၊ အမျိုးသားလေးများကအမှိုက်များကိုပြန်လည်သယ်ယူရှင်းလင်းပေးနေသည့် ပုံများ၊ ဗီဒီယိုဖိုင်များကလည်း လူမှု့ ကွန်ရက်နှင့်မီဒီယာများတွင် ပျံ့ နှံ့ နေသည်။
ဟောင်ကောင်မှတရားခံကို တရုတ်ပြည်မကြီးသို့ လွဲပြောင်း ပေးမည့် တရားခံလွဲပြောင်းရေးဥပဒေမူကြမ်းနှင့်ပတ်သက်၍ ဧပြီ ၂၈ မှစ၍ ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ဇွန် ၁၂ တွင် ဟောင်ကောင်အာဏာပိုင်များက နံပါတ်တုတ်များဖြင့်ရိုက်ခြင်း၊ မျက်ရည်ယိုမီးခိုးဗုံးများဖြင့်လူစုခွဲခြင်းများပြုလုပ် ခဲ့ပြီးနောက် ဆန္ဒပြပွဲအရှိန်အဟုန် ပိုမိုမြင့်မားလာပြီး ဇွန် ၁၆ တွင်မူ ဟောင်ကောင်သမိုင်းတွင် အကြီးမားဆုံးဆန္ဒပြပွဲကြီး ပေါ်ပေါက်လာခဲ့သည်။ ဆန္ဒပြသူများက တရားခံလွဲပြောင်းရေးဥပဒေမူကြမ်းကိုအပြီးတိုင်ပယ်ဖျက်ရန်နှင့်ဟောင်ကောင် အုပ်ချုပ်ရေးမူးကယ်ရီလမ်နုတ်ထွက်ပေးရန် လူပေါင်း၂ သန်း အထိ ပါဝင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ဟောင်ကောင်အုပ်ချုပ်ရေးမူးကယ်ရီလမ်က အဆိုပါ မူကြမ်း နှင့်ပတ်သက်၍ ပြည်သူများကို ပြန်လည်တောင်းပန်ခဲ့သလို ဥပဒေမူကြမ်းကို အတည်ပြုမည့်ကိစ္စကိုလည်း ရပ်ဆိုင်းပေးခဲ့သည်။ ထို့ အတူ ထောင်ကျနေသည့် ကျောင်းသားခေါင်းဆောင် ဂျိုရူအာဝေါင်းကိုလည်း ဇွန် ၁၇ တွင် ထောင်မှ ပြန် လွတ်ပေးခဲ့သည်။ ဂျိုရူအာဝေါင်းမှာ ထောင်မှပြန်လည်လွတ် မြောက်လာပြီးနောက်ဆန္ဓပြသူများနှင့် သွားရောက်ပူးပေါင်းခဲ့သည်။
No comments:
Post a Comment