ခုချိန်ထိဘာမှမလုပ်ပေးဘူး။ မိုးကျလို့ အခုကျနော်တို့လမ်းက ဘယ်လိုမှ သွားလာရတာ အဆင်မပြေတော့ဘူး။ သူတို့ဘက်က လုပ်ပေးမယ်ပြောပြီး မလုပ်ပေးလို့ အခုလိုဆန္ဒပြရတာပါ။ ကျနော်တို့ကတော့ လုပ်မပေးမချင်း ဆန္ဒထုတ်ဖော်သွားမှာပါ”လို့ပြောပါတယ်။
ဟုမ်ရွမ်စက်ရုံကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလပိုင်း က စတင်တည်ဆောက်ခဲ့ပြီး ခုချိန်မှာတော့ စက်ရုံ စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။
စက်ရုံက စွန့်ပစ်အညစ်အကြေးတွေကို ရေဆိုးမြောင်းကတဆင့် လမ်းပေါ်ကို ဖောက်ချထားတဲ့ အတွက် ကျေးရွာရှိ အိမ်ထောင်စု ၃၀၀ ခန့် လူဦးရေ ၄၀၀ နီးပါး သွားလာရေး အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ကျေးရွာဒေသခံတွေတွက ပြောပါတယ်။
ကျေးရွာအတွင်းနေထိုင်သူ ဒေါ်သန်းသန်းဆွေက “ကျမတို့လမ်းက မိသားစုတွေ ဝိုင်းပြီး ပြုပြင်ထားတဲ့လမ်းပါ။ သူတို့စက်ရုံ မဆောက်ခင်က အဆင်ပြေတယ်။ သူတို့စက်ရုံ လာဆောက်တော့ ကားကြီးတွေ ဝင်တယ်ကျမတို့ကို ဘာလုပ်ပေးမယ်။ လမ်းကို ဘယ်လိုပြင် ပေးမယ်ပြောတယ်။ စက်ရုံပြီးသွားတော့လည်း ဘာမှလုပ်မပေးဘူး။ အခုမိုးတွင်းရောက်လာပြီး ကျောင်းသားတွေ၊ သံဃာတော်တွေသွားလာရတာ ဘယ်လိုမှ အဆင်မပြေဘူး။ မီးလောင်ရင်တောင် မီးသတ်ကား ဝင်မရတဲ့ အခက်အခဲတွေပါဖြစ်နေတယ်”လို့ပြောပါတယ်။
ကျေးရွာပြည်သူတွေက ဆန္ဒဖော်ထုက်ချိန်မှာ စက်ရုံတာဝန်ရှိသူတွေနဲ့ ကျေးရွာပြည်သူတွေ အုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းနေကြပြီး ဒီကိစ္စ တပတ်အတွင်း ဖြေရှင်းပေးမယ်လို့ သိရပါတယ်။
No comments:
Post a Comment