ထို့နောက် ဇွန်လ ၁ရရက် နံနက် ၁ နာရီအချိန်ခန့်တွင် မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ၊ ရဲဘော်ဈေးပန်းခြံဝင်း အတွင်း ရည်စား ဖြစ်သူနှင့်အတူထိုင်ကာ စကားပြောနေစဉ် နံနက် ၄နာရီ ခန့်၌ အမည်မသိ လူငယ် (၂)ဦးရောက်ရှိလာပြီး “ နင်တို့ဘယ်သူတွေလဲ၊ ငါတို့က လူပျောက်ရှာနေတာ” ဟု ပြောဆိုကာ ရည်းစားဖြစ်သူ၏ ဖုန်းမီးဖြင့် မ….၏မျက်နှာကို ထိုးခိုင်းပြီးနောက် ゞင်းတို့ ရှာနေသော လူမဟုတ်ကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။
မ….နှင့်ရည်စားဖြစ်သူတို့မှ ပြန်ရန်ထလာစဉ် အဆိုပါ အမည်မသိလူ(၂)ဦးအနက် ကတုံးဆံပင် (လူမြင်လျှင်မှတ်မိ)နှင့်လူမှ ရည်စားဖြစ်သူ -----ကို သစ်သားတုတ်ဖြင့်ရိုက်သောကြောင့် ရည်စား ဖြစ်သော ကို-----မှာ လဲကျသွားခဲ့သည်။ ထို့နောက် ဆံပင်အရှည်နှင့်လူမှ ကိုင်းခုတ်ဓားကို မ……၏ပခုံးပေါ်သို့ တင်ကာ “အော်ဖို့လည်း မစဉ်းစားနဲ့၊ ရုန်းဖို့မကြိုးစားနဲ့၊ အော်ရင်သတ်ပစ်မယ်၊ ငါနဲ့လိုက်ခဲ့” ဟုဆိုကာ ရဲဘော်ဈေးပန်းခြံ နောက်ဘက်သို့ ခေါ်ဆောင်ပြီး အလိုမတူဘဲ သားမယား အဖြစ် တစ်ကြိမ်စီပြုကျင့်ခဲ့ ကြောင်းသိရသည်။
ထို့နောက် မ……ကို ရဲဘော်ဈေးပန်းခြံနှင့် မျက်နှာချင်းဆိုင်ရှိ ဘန့်ဘွေးကုန်းဘုရားလမ်းမဘေးအနီးသို့ ထပ်မံခေါ်ဆောင်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်စီ ထပ်မံပြုကျင့်ခဲ့ကာ ထွက်ခွာသွား သောကြောင့် အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သူ အမည်မသိလူငယ်(၂)ဦးအား အရေးယူ ပေးရန် မှော်ဘီမြို့မရဲစခန်း၌ မ……..က တိုင်တန်းခဲ့ခြင်းဖြစ်သည်။
တရားလို မ-----၏ ပြောပြချက်အရ ပြစ်မှုကျူးလွန်သူ(၂)ဦး၏ ပုံသဏ္ဍဍာန်များအား အနီးအနား ပတ်ဝန်းကျင် ကျေးရွာများ၌ လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ပြစ်မှုကျူးလွန်သူ(၂)ဦးသည် ဇော်ရဲ၊ ၂၄ နှစ်၊ (ဘ)ဦးအေးကြိုင် နှင့် ခင်ဇော်၊ ၂၁ နှစ်၊ (ဘ)ဦးခင်ဌေး တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ゞင်းတို့ (၂)ဦးကို ဇွန်လ ၁၆ ရက်နေ့ ညနေ ၆နာရီ ၂၅မိနစ်တွင် ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူနိုင်ရန် ဆောင်ရွက်လျက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
No comments:
Post a Comment