
ယင်း အစီအစဉ်စတင်မှုအဖြစ် ချောက်မြို့ ရှစ်မျက်နှာဘုရားကုန်းနှင့် ထိစပ်နေရာများတွင် သစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း ထိုအစီအစဉ်ကို ချောက်မြို့နယ်အသင်း နာယကဆရာတော် ဦးတောသန (USA) ၏ စီမံမှုဖြင့် အကောင်အထည်ဖော်ခဲ့ကြောင်း ယင်းသို့စိုက်ပျိုးသည့် သစ်ပင်များကို လုံးဝရှင်သန်သည်အထိ သုံးနှစ်ဆက်တိုက် ထိန်းသိမ်းပြုစုသွားရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပွဲတော်သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဌ ဦးဇင်ဝိုင်းနှင့် သရုပ်ဆောင်များ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပါဝင်သစ်ပင်စိုက်ခဲ့ကြကြောင်း သစ်ပင်စိုက်ပွဲတော်အတွက် ရုပ်ရှင်အစည်းအရုံးနှင့် အခြားအဖွဲ့အစည်းများမှ အလှူငွေများ ထည့်ဝင်ခဲ့ကြကြောင်း ထို့နောက် ရေနံချောင်းမြို့နယ်အတွင်းတွင်လည်း သစ်ပင်စိုက်ပွဲတော်ကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment