
မျက်နှာချင်းဆိုင် မကွေးဘက်မှတောင်တွင်းဘက်သို့ အောင်ကိုနိုင်(သ)၂၀ နှစ် ၊ဥက္ကလာပကျေးရွာ၊တောင်တွင်းကြီးမြို့နယ်နေသူမောင်းနှင်ပြီး နောက်တွင် မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်မူ(သ)၅၆ နှစ် လိုက်ပါလာသည့် နံပါတ်မပါ Dayang-125 အနက်ရောင်ဆိုင်ကယ်အား ဝင်ရောက်တိုက်မိသဖြင့် သန့်ဇင်မင်းတွင် ဦးခေါင်းယာဘက်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) အောင်ကိုနိုင်တွင် နောက်ကျောစုတ်ျပဲဒဏ်ရာ၊ယာခြေဖဝါးစုတ်ပြဲဒဏ်ရာ၊ယာခြေသလုံးပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ) ဒေါ်မြင့်မြင့်မူတွင် ယာခြေဖနောင့်ကွဲအက်ဒဏ်ရာ၊ယာခြေမစုတ်ပြဲဒဏ်ရာ၊ယာခြေသလုံးရိုးဖူးရောင်ဒဏ်ရာ၊ယာဦးခေါင်းခွံကွဲအက်ဒဏ်ရာများ(စိုးရိမ်ရ)တို့ ရရှိခဲ့ပြီး ဒေါ်မြင့်မြင့်မူမှာ ရရှိသောဒဏ်ရာများဖြင့်အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်းသိရသည်။
အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်အား အရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင်ပြီး တစ်ဘက်ယာဉ်ကြောမှ မောင်းနှင်လာသော ဆိုင်ကယ်အားဝင်ရောက်တိုက်ခဲ့သူ သန့်ဇင်မင်းအား တောင်တွင်းကြီးမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
No comments:
Post a Comment