နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး ကိုယ်စား မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီက ဒီနေ့ မနက် ၈ နာရီမှာ လူမှုဝန်ထမ်း Save house ရှိရာ ပရဝုဏ်အတွင်းမှာ အရိပ်ရအပင် ၇၅ ပင်စိုက်ပျိုးခဲ့ပါတယ်။
ဒါ့အပြင် အဲ့ဒီနေရာမှာပဲ စက်ရေတွင်းဖော်ဖို့အတွက် ကျပ်သိန်း ၅၀ လှူဒါန်းတာနဲ့ လူမှုဝန်ထမ်းလက်အောက်ရှိ ကလေးသူငယ်တွေကို T-shirtတွေ၊ အမျိုးသမီးသုံးပစ္စည်းတွေ၊ အာဟာရမုန့်တွေ လှူဒါန်းခဲ့တယ်လို့လည်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ဇနီး ဒေါက်တာဒေါ်ယုယုမေက ၎င်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
ဇွန်လ ၁၈ ရက်နေ့မှာလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့အထိမ်းအမှတ် အဖြစ် လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်သွားကြဖို့ ရှိနေပါတယ်။
No comments:
Post a Comment