
"အရင်ကလည်း မီးမလာရင် အပြင်ထွက်အိပ်တတ်တယ်။မီးလာလို့ အထဲပြောင်းကြတဲ့အချိန် ပြုတ်ကျတဲ့အသံ ကြားလိုက်တာပဲ။သူ့မှာ သွေးတိုးရှိတယ်။သွေးကျဆေးသောက်နေရတယ်။သွေးတိုးတယ်လို့ ယူဆရတာပဲ"ဟု အဆိုပါ အဆောင်၏ အဆောင်နည်းပြဖြစ်သူ ဦးစိုးနိုင်က ပြောသည်။
သေဆုံးသွားသည့်ဆရာမှာ မုံရွာစီးပွားရေး တက္ကသိုလ် အသုံးချ ဘောဂဗေဒဌာန၏ လက်ထောက်ကထိက ဖြစ်ပြီး အသက် ၃ဝခန့် ဖြစ်သည်။ " သွေးဆောင့်တိုးပြီး သုံးပေလောက်ရှိတဲ့ လက်ရန်းဝရန်တာကနေ ပြုတ်ကျတာ၊ ဦးခေါင်းနောက် မှာဒဏ်ရာရပြီးသေဆုးံတာ၊အခု သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေပါတယ်" ဟု နယ်မြေ ရဲစခန်းမှူး ရဲအုပ် ဆန်းလင်း ကပြောသည်။ သေဆုးံသူသည်ပခုက္ကူဇာတိဖြစ်ပြီး မုံရွာစီးပွားရေး တက္ကသိုလ်တွင် ဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်နေသည်မှာ ၅နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment