
တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတ တစ်ဦး မြောက်ကိုရီးယား မြေပေါ်သို့ ခြေချခြင်းသည် သမိုင်းတွင် ပထမဆုံး ဖြစ်သဖြင့် သမိုင်းဝင် အခိုက်အတန့်ဟု KCNA တွင် ဖော်ပြခဲ့သည်။ “ DPRK က ထိပ်တန်း ခေါင်းဆောင်တွေ နဲ့ အမေရိကန်ဟာ ပန်မန်ဂျွန်မှာ သမိုင်းဝင် လက်ဆွဲ နှုတ်ဆက်ခဲ့ကြတာဟာ အံ့သြစရာ ဖြစ်စဉ်ပါပဲ” ဟု KCNA တွင် ဖော်ပြခဲ့သည်။
ထိုစဉ်က ထရန့်သည် “ဒီမျဉ်းကို (စစ်ပြေငြိမ်းရေးမျဉ်း သို့မဟုတ် နယ်စပ်မျဉ်း) ကျော်ခဲ့ဖို့ သင်က ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တာ ဂုဏ်ယူစရာပါ။ ကျွန်တော် အနေနဲ့လည်း ဒီမျဉ်းကို ဖြတ်ကျော်ရတာကို ဂုဏ်ယူပါတယ်” ဟု ကင်ကို ပြောကြားခဲ့သည်။
KCNA တွင် ဖော်ပြခဲ့သည့် သတင်းသည် ပထဝီနိုင်ငံရေးတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်စေရန် ဦးဆောင် ဆောင်ရွက်ခဲ့သူအဖြစ် ကင်အား ဂုဏ်ဖော်ထားသည့် မြင်နေကျ မြောက်ကိုရီးယားဝါဒ ဖြန့်ချိရေးစာတစ်ခု ဖြစ်သည်ဟု Asan Institute of Policy Studies မှ လေ့လာသူ ရှင်ဘွန်ချူက ပြောကြားခဲ့သည်။
ဇွန် ၃၀ ရက်က ဖြစ်စဉ်နှင့် ပတ်သက်ပြီး လေ့လာ စောင့်ကြည့်သူအချို့က ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေသည့် နျူကလီးယား ဆွေးနွေးပွဲအတွင်း အရှိန်အဟုန်သစ် ဖြစ်လာစေခဲ့သည်ဟု ပြောခဲ့ကြစဉ် အချို့ကလည်း ပြဇာတ်ဆန်လွန်းသော ဖြစ်ရပ်ဟု ခေါ်ဆိုကြသည်။
အဆိုပါ သမိုင်းဝင် အခိုက်အတန့် ပြီးနောက် ထရန့်သည် ကင်ကို စစ်ရပ်ဆိုင်းရေးမျဉ်း၏ တစ်ဘက်ခြမ်းသို့ ပြန်ခေါ်လာခဲ့ကာ တောင်ကိုရီးယားဘက်၌ ခေါင်းဆောင် နှစ်ဦးသည် တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။
တရုတ်ကလည်း ချီးမွမ်း
ထရန့်နှင့် ကင်တို့ စစ်မဲ့ဇုန်၌ တွေ့ဆုံခဲ့ကြသည်ကို တရုတ်ကလည်း ကောင်းမွန်သည့် အထင်ကရဖြစ်စဉ်ဟု ဂုဏ်ပြု ပြောကြားခဲ့သည်။ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးနှင့် ပတ်သက်ပြီး တိုးတက်မှုများ ရှိလာစေရေး ယခုအခွင့်အရေးအား ဖမ်းဆုပ်ကြရေးအတွက်လည်း တရုတ်က နှစ်ဘက်စလုံးကို တိုက်တွန်းခဲ့သည်။
“ အခုလို တိုးတက်မှု ဖြစ်စဉ်တွေကို ကြိုဆိုသင့်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ကျန်ရှုအန်က ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တရုတ်သမ္မတ ရှီကျင်ပင်း၏ မကြာသေးမီက ပြုံယမ်းသို့ သွားခဲ့သည့် ခရီးစဉ်သည် နျူကလီးယား ဆွေးနွေးပွဲအတွက် အားသစ်ဖြစ်စေခဲ့သည်ဟုလည်း ကန်က ပြောကြားသွားခဲ့သည်။
No comments:
Post a Comment