သူတို့ ၂ ယောက် အစေးကပ်ပုံ ပြခဲ့ကြပေမယ့် အကဲခတ်တွေကတော့ ကွာဟချက်တွေကို ရင်ကြားစေ့ဖို့ မနီးကပ်သေးဘူးလို့ သုံးသပ်ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုကတော့ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ဆွေးနွေးပွဲတွေ ဇူလိုင်လထဲမှာ ပြန်စမယ့် အလားအလာ ရှိတယ်လို့ ဇွန်လ ၃၀ ရက်မှာ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံကနေ မထွက်ခွာခင် သတင်းထောက်တွေကို ပြောခဲ့တာပါ။ မြောက်ကိုရီးယားဘက်က ညှိနှိုင်းမယ့်သူတွေဟာ နိုင်ငံခြားရေး ဝန်ကြီးဌာန သံတမန်တွေလို့ သူက ပြောပါတယ်။
ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ဖြုတ်သိမ်းရေးအတွက် အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ မနှစ်က ဂျွန်လမှာ စင်ကာပူ နိုင်ငံမှာ ပထမဆုံး တွေ့ခဲ့ကြတာပါ။
အဲဒီမှာ ဆက်ဆံရေး တိုးတက်အောင် လုပ်ဖို့နဲ့ ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ဖြုတ်သိမ်းရေး အတူလုပ်ဆောင်ဖို့ ခေါင်းဆောင် ၂ ယောက် သဘောတူခဲ့ကြပါတယ်။
ဒါပေမယ့် ဟနွိုင်းမှာ ကျင်းပတဲ့ ဒုတိယထိပ်သီး ညီလာခံမှာတော့ မြောက်ကိုရီးယားက နျူကလီးယား လက်နက်အားလုံး စွန့်လွှတ်ဖို့ အမေရိကန်က တောင်းဆိုပြီး အမေရိကန်က မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်မှု အားလုံးကို ရုပ်သိမ်းဖို့ မြောက်ကိုရီးယားက တောင်းဆိုရင်း သဘောတူညီချက်မရဘဲ ဆွေးနွေးပွဲ ပျက်ခဲ့ပါတယ်။
No comments:
Post a Comment