ဇွန်လ ၂၉ ရက်က ပြုလုပ် သော မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုဖျော်ဖြေပွဲတွင် မြန်မာ ပြည်သိန်းတန်က ယင်းသီချင်းကို သီဆိုခြင်းဖြစ်ပြီး လာရောက် ကြည့်ရှုသူများ၏ အားပေးမှုရရှိခဲ့ သည်။
လူငယ်အဆိုတော်များ၏ အောင်မြင်သည့် သီချင်းများကို ပြန်လည်သီဆိုခြင်းနှင့် ပတ် သက်၍ မြန်မာပြည်သိန်းတန်က ‘‘များသောအားဖြင့် လူကြီးသီချင်း ကို လူငယ်ကပြန်ဆိုရင် ပိုပြီး ပေါက်လွယ်တယ်။ လူငယ်ပေါက် ထားတဲ့ သီချင်းကို အန်ကယ်တို့ လို လူကြီးတွေကဆိုရင် ပေါက် နိုင်ဖို့ မလွယ်ဘူး’’ဟု ပြောသည်။
ထို့အပြင် ယင်းသီချင်းသီဆို ရန် လေ့ကျင့်ချိန်တွင် ၎င်း၏ဇနီး ဒေါက်တာနုနန္ဒာသန်းက အကြံ ဉာဏ်များပေး၍ အထောက်အ ကူပေးခဲ့ကြောင်း ၎င်းကဆိုသည်။ ‘‘တေးချစ်သူရဲ့ IQ က အန် ကယ်တို့ထက် မြင့်တယ်။ အန် ကယ်ကဆိုသာဆို၊ တီးသာတီးနေ တာ။ ဘယ်နေရာ မှာလိုတယ်ဆို တာ တေးချစ်သူက ဘေးကအ ကုန်သိနေတာ။ အဲဒီတန်ဖိုးကကြီး တယ် ’’ ဟု မြန်မာပြည်သိန်းတန် ကဇနီးဖြစ်သူ၏ ပံ့ပိုးမှုအပေါ်ပြော သည်။
No comments:
Post a Comment