ရန်ကုန်တိုင်းဒေသကြီးမှာ ဝန်ကြီးဌာန တခုတိုးချဲ့ဖွဲ့စည်းဖို့ကို ဇွန်လ ၂၄ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုခဲ့တာဖြစ်ပြီး ဒေါ်မိုးမိုးစုကြည်ကို ၀န်ကြီးအဖြစ်ခန့်အပ်ဖို့ ဇူလိုင်လ ၁ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အမည်စာရင်းတင်သွင်းခဲ့တာပါ။
ရန်ကုန်တိုင်းဒေသကြီးမှာ လက်ရှိမှာ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးဌာန လူမှုရေး ဝန်ကြီးဌာန စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန စိုက်ပျိုးရေးမွေးမြူရေး သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဌာန လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန စည်ပင်သာယာရေး ဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာန ၆ခု ဖွဲ့စည်းထားပါတယ်။
No comments:
Post a Comment