ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်နေ မဇာဇာ(စိစစ်ဆဲ)၏နေအိမ်သို့ သတင်းအရ ဇွန်လ ၃၀ ရက်နေ့ ညနေ ၄ နာရီအချိန်က မှုခင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက် ရှာဖွေရာ တရုတ်နိုင်ငံသား Mr.He Wan Xin (၃၅)နှစ်၊ Mr. Li Kai Feng (၃၆)နှစ်နှင့် Mr.Liao Feng (၂၆)နှစ်တို့ (၃) ဦးအား တရားမဝင်တင်သွင်းလာသော ငါးမန်းဂိမ်းလောင်းကစားရာတွင်အသုံးပြုသည့် မော်နီတာ ၅ လုံး၊ UPS ၅ လုံး၊ Control Box ၄ လုံး၊ ဂိမ်းစက် ၅ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။စစ်ဆေးချက်အရ မတ်လ ၂၉ ရက်နေ့တွင် Mr.He Wan Xin သည် စားသောက်ဆိုင်ဖွင့်ရန် တရုတ်နိုင်ငံမှ မန္တလေးလေဆိပ်သို့ရောက်ရှိပြီး ဆိုင်ဖွင့်ရန်အဆင်မပြေသဖြင့် ဇွန်လ ၂၀ ရက်နေ့တွင် နေပြည်တော်သို့ရောက်ရှိကာ သူငယ်ချင်းဖြစ်သူ Mr.Liao Feng ပါ (၂) ဦး ငှားရမ်းနေထိုင်သည့် သပြေကုန်းရပ်ကွက်နေအိမ်တွင် လိုက်ပါနေထိုင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရှိရ၍ မဇာဇာ (ဖမ်းမမိ)နှင့် တရုတ်နိုင်ငံသား ၃ ဦးတို့အား အမှတ်-၁ မြို့မရဲစခန်း(ဇမ္ဗူသီရိ)(ပ)၁၂၈/၂၀၁၉၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အရေးယူခံရသူ တရုတ်နိုင်ငံသားများဦးမှာ မြန်မာနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်ဖြင့် နေထိုင်သူများဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment